''ဒီမှာ ဝန်ထမ်းလိုတယ်ဆိုလို့ရှင့်. .''
'' ကျွန်မတို့က အချိန်ပိုင်းပဲလိုတာပါအစ်မ. .''
"ရပါတယ် အချိန်ပိုင်းလည်းအဆင်ပြေ ပါတယ်''
''ဒါဆိုအထဲကိုကြွခဲ့နော်. .အင်တာဗျူးတစ်ခါထဲ
ဖြေလို့ရပါတယ်''''ဟုတိ. .''
''ဒေါက်ဒေါက်. . သူဌေးရှင့်. . အချိန်ပိုင်းဝန်ထမ်း
နေရာအင်တာဗျူးဖြေမယ့်သူရောက်လာပါတယ်''''ဝင်ခဲ့ပါ''
''ဟင် သူကိုယ်တိုင်ဗျူးမှာလား ဟိုက်. .''
''တွေ့ချင်လို့တမင်လာခဲ့တာ တွေ့မယ့်တွေ့ရတော့
လည်းထိပ်တိုက်ကြီးပါလား''အခန်းတံခါးကိုတွနိးကာ ဖြေးဖြေးချင်း ဝင်လိုက်
သည်။ အလုက်စားပွဲ တွင် ထိုင်နေသည့် သူဌေး မမ
ကိုအခန့်သားတွေ့လိုက်ရသည်။ ဒီနေ့ စနေနေမို့
ထင်သည်၊ ကော်ဖီဆိုင်မှာသူရှိနေရခြင်းက။''မင်း ကိုး. .''
''လာလေထိုင်''
ဟု ပြောသဖြင့် သူမ ရှေ့ကခုံတွင်ဝင်ထိုင်လိုက်၏ ။
ဒီနေ့တော့အားလပ်ရက်မို့ဖြစ်မည်၊ ခါတိုင်းတွေ့
နေကျလိူ ရုံးဖက်ရှင်နှင့်မဟုတ်ပေ၊ ဖြူညက်လှသည့်
သူမ အသားအရေနှင့် အပ်စပ်သည့် အဝါနုရောင်
ဂါဝန်လေး အားဝတ်ဆင်ထား၏၊ မိန်းကလေးဆန်ဆန်လှပ လှသော ကင်ဂျီဆူးသည် အခုချိန်အထိ
ရည်းစားမရှိဟုကြားရသည်။ မြင်ပါများတော့
ချစ်ကျွမ်းဝင်လာတယ်ဆိုရမလား သူမ နဲ့နီးစပ်နိုင်
ရန် ရိုစီ တစ်ယောက်အလုက်ကပြုတ်သည်နှင့်၊ အကြံရမိတာ က ကော်ဖီဆိုင်တွင်အချိန်ပိုင်းဝန်ထမ်းလုက်ရန် ဖြစ်သည်။''တို့ဆိုင်က စားပွဲထိုး အချိနိပိုင်းလိုအပ်နေတာ. .
ပတ်ရိုစီ နေရာများမှားလာသလား''''မမှားပါဘူး ဒီကိုပဲတမင်လာခဲ့တာ. . .
ကျွန်မတစ်ကယ်အလုက်လိုအပ်နေလို့ပါ''''တစ်မျိူးမထင်ပါနဲ့နော်. . ရိုစီ့ လိုအရည်အချင်း
မျိုးနဲ့ ဒီနေရာက မကိုက်ညီဘူးထင်လိူ့ပါ. .
ကဲဒါဆိူစလိုက်ရအောင်လေ. . .
နာမည်?''''ဒီမှာရှင့် မနောက်ပါနဲ့. . ကျွန်မနာမည်ကိုရှင်သိရဲ့
သားနဲ့''