EP.6

540 39 0
                                    


အထပ်မြင့် မိုးမျှော် တိုက်ရဲ့ အပေါ်ဆုံးထပ်
တစ်နေရာတွင် ကြေးရတက် ပြည့်စုံသည်ဟု ထင်ရသော လူငယ် လူရွယ်များ အပြည့် အဝ ပျော်ပါးကခုန်နေကြလေသည်
ထိုလူငယ် များကြားတွင်
DJ စင်ဘက် ရုတ်တရက် ဆိုသလို မိုက်တစ်လုံးနှင့် မိန်းခလေး တစ်ယောက်ရဲ့အသံ ထွက်ပေါ်လာလေသည်

"ကဲ့ အားလုံးပဲ ခဏနားထောင်ပေးပါ
ဒီနေ့ ကျရောက်တဲ့ ကျွန်မရဲ့ သူငယ်ချင်း JK ရဲ့ 22မြောက် မွေးနေ့ပွဲမှာ အားလုံးပဲ မီးကုန် ယမ်းကုန် ကဲနိုင်ပါတယ်နော်
ok. DJ. စလိုက်ကျရအောင်"

ဆူညံ အော်ဟစ်သံတွေ သီချင်းသံတွေ ရောပြွန်းကာ ဆူပွက်နေလေသည်

ညဥ့်နက်လာသည်နှင့် အမျှ JKတစ်ယောက်
အရက်အရှိန်တက်လာလေသည်
ရီဝေနေသော အရသာကို သူသိတက်စအရွယ်ကတည်းက ကြိုက်နှစ်သက်နေတတ်ခဲ့လေပြီ

"ဂျောင်ဂု ရား"

အေးဆေးတည်ငြိမ်သော လေသံနှင့် သူ့ကို ခေါ်လိုက်သူက

"အာ့ ငါတို့ အစ်ကို နမ်ဂျွန်ရောက်လာပြီပဲ
အေမီ ဒါငါတို့ အစ်ကို ကင်နမ်ဂျွန် စက်ရုပ်လူသားကြီးရောက်လာပြီ ဟားးး "

ဂျောင်ဂု မူးနေလေပြီ

နမ်ဂျွန် မေးဆက်ပြလိုက်သည်နှင့် ဘေးက ဗလကြီးကြီး လူကြီးနှစ်ယောက်၏ ဆွဲခေါ်ခြင်းကို ဂျောင်ဂု တစ်ယောက် ကန်လန့် ပါသွားခဲ့လေသည်

# # # #

မျက်နှာပေါ် ကျရောက်လာသော နေရောင်ကြောင့် ဂျောင်ဂု တစ်ယောက် နိုးလာခဲ့လေသည် မိုးမျှော်တိုက်၏ အပေါ်ဆုံးက ရှု့ခင်းတွေက ရပ်သပ်ရှု့မောဖွယ်ရာပါပဲ

ဂျောင်ဂု အတွက်တော့ သိပ်မထူးဆန်းတော့ခြေ
ထိုစဥ် အခန်းတွင်း ဝင်လာသော ခြေလှမ်းကြောင့် ဂျောင်ဂု နောက်လှည့်ကြည့်မိလိုက်သည်

"နိုးပြီလား "
ဒီမှာ အမူးပြေ ဟင်းရည် ချက်ထားတယ်"

"တကယ်ပဲ ငါတို့ အစ်ကိုလောက် ဘယ်သူမှ မကောင်းဘူး "

ပြောရင်း အမူးပြေ ဟင်းရည်သောက်ကာ
ဂျောင်ဂု တစ်ယောက် နမ်ဂျွန်ကို ချီးကျူးခန်းဖွင့်နေလေသည်

နှလုံးသား နှစ်ခု၏ ဆုံမှတ်Where stories live. Discover now