EP 7

578 36 0
                                    


ဂျီမင် တစ်ယောက် အဖွားဖြစ်သူ၏ မွေးဖွားရာ ဇာတိကို ပြန်လာပြီး အတိတ်က အရာအားလုံးကို ရင်နာနာနဲ့ မေ့ပစ်ချင်လှပါပြီ
သူတန်ဖိုးထား မြတ်နိုးခဲ့ပါသော သံယောဇဉ် အားလုံးက အတုအယောင် တွေတဲ့လား
သူ့စိတ်တွေ အေးချမ်းချင်လှပြီ

ဂျီမင် ဘူဆန်ကို ပြန်ရောက်တာ နှစ်ဝက် ကျော်ကျော်လောက်တော့ ရှိမည်ထင်
သူပြန်ရောက်ပြီး မကြာမီပင် အဖွားဖြစ်သူ
သည် လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့လေသည်
သူ့ဘဝ သူ့အကြောင်း သိရှိနေသော ဟိုဆော့ကတော့ သူငယ်ချင်းဖြစ်သူ၏ ဆန္ဒအတိုင်း
ဂျီမင် ဘယ်နေရာ ဘယ်ရောက်နေတယ် ဆိုတာ နှုတ်လုံစွာဖြင့် မည်သူ့မှ မပြောပဲ
သူတို့ နှစ်ဦးတည်းသာ ကမ်းခြေနားက
ငါးဖမ်းခြင်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့ ရွာလေးမှာ တိတ်တိတ်လေး စောတနာ ဆရာဝန်လေး လုပ်နေလေရဲ့
အားသော အချိန်တွေမှာ ကျေးရွာ အတွင်းရှိ ခလေးတွေနှင့် လူကြီးတွေကို ကျန်းမာရေး
အခမဲ့ စောက်ရှောက်ပေးခြင်းဖြင့်
သူဘဝလေး အေးဆေး ပျော်ရွင်မှု့ များရခဲ့လေသည်
ဆေးကုပေးသည့် အဖိုးအခ အဖြစ်

"ဆရာလေး ဆရာလေး.
ဒီမှာ ကျွန်မတို့ခြံက ပြောင်းဖူးလေး တွေ လတ်လတ်ဆတ်ဆတ် မို့လားမသိဘူး အရမ်းချိုတယ် ဆရာလေး စားရအောင် လာပို့ပေးတာ "

ရွာမှ အဘွားတစ်ဦး၏ အသံပင်

"အဘွား ရပါတယ် ဒီလောက်အများကြီး ကျွန်တော် ဘယ်ကုန်ပါ့မလဲ အဘွားစားဖို့ရော ကျန်သေးရဲ့လား "

"အိမ်မှာ အများကြီး ကျန်ပါသေးတယ်
ဆရာလေး အများကြီးစားနော်
ဆရာလေးက သေးသေးသွယ်သွယ်လေး ဆိုတော့ အားရှိအောင် အများကြီးစား မှ ဖြစ်မယ် "

ရွာက အဘွားပြောသော စကားကို
ဂျီမင် သဘောကျစွာ စိတ်လွတ် ကိုယ်လွတ် ရယ်မိလိုက်သည်

"ဟုတ်ကဲ့ ကျွန်တော် အများကြီး စားပါ့မယ်
အဘွားလည်း အလုပ်တွေ အရမ်းမလုပ်နဲ့အုံးနော် ခါးက ကောင်းသေးမဟုတ်ဘူး
ကျွန်တော်ပေးတဲ့ ဆေးတွေ မှန်မှန်သောက်နော် "

ထိုကဲ့သို့သော သူ့ဘဝလေးက အေးချမ်းနေလေ၏
# #

"အင်း ဟင်း. . ."

နှလုံးသား နှစ်ခု၏ ဆုံမှတ်Where stories live. Discover now