EP.18

526 28 0
                                    

ယွန်းဂီ တစ်ယောက် ဖခင်ဖြစ်သူ၏ လုပ်ရပ်အားလုံးကို မြင်တွေ့ကြားသိခဲ့ရပြီး အမှန်တကယ်ကို တုန်လှူပ်နေမိလေသည်
လောဘ၏ သားကောင် ဖြစ်ခြင်းမလှ ဖြစ်နေသော ဖခင်ဖြစ်သူကို တားဆီးနိုင်သူမှာ သူကိုယ်တိုင်သာလျှင် ဖြစ်လိမ့်မည်ထင်...

ဖခင်ကြောင့် အသက်တွေထပ်ပြီး မသေဆုံးစေချင်တော့ပေ
ဂျောင်ဂု၏ အပေါ်သေနတ်နှင့် ချိန်ထားသော ဖခင်ဖြစ်သူကို တားရန်အချိန်မမှီတော့ပေ
ထို့ကြောင့် ဂျောင်ဂု၏ နောက်ကျောကို အစားဝင်ခံလိုက်လေသည်

ဒိုင်း......ဒိုင်း......

နှစ်ချက်တိတိဆင့်ပစ်လိုက်သော
သေနတ်ဒဏ်ရာက နှလုံးတည့်တည့်ကို ထိုးဖောက်ဝင်ရောက်သွားလေသည်...

မင်အီဟွန်း တစ်ယောက် သူပစ်လိုက်သော သေနတ်၏ကျည်ဆံတို့က သားဖြစ်သူ၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ကာ လဲကျသွားသည်ကို မြင်တွေ့လိုက်ရသည်နှင့်
မယုံနိုင်လောက်အောင်ပင် ကျက်သေသေသွားခဲ့လေသည်

ဂျောင်ဂုလည်း သေနတ်သံနှင့်အတူ သူ၏ နောက်ကျောမှ လဲကျသွားသော လူကိုလှည့်ကြည့်မိရာ မင်ယွန်းဂီ ဖြစ်နေလေသည်

"အစ်ကို......... ယွန်းဂီ.... "

ဂျီမင်လည်း မျက်လုံးအစုံတို့ ပြူးကျယ်သွားလေသည်

"မင်းယွန်းဂီ.. ရှိ...."

သေနတ်ထိထားသော နေရာမှ သွေးတို့ တစ်ပွက်ပွက် ထွက်လာလေသည်
ဂျောင်ဂု လည်း ယွန်းဂီ ကိုပြေးပွေ့လိုက်ပြီး

" ဂျောင်ဂု..ရား... အစ်ကိုကပဲအဖေ့အစား တောင်းပန်ပါတယ် တကယ်ပဲ အဖေ့လုပ်ရက်တွေအတွက် မင်းတို့မိသားစုအတွက် အစ်ကို တောင်းပန်ပါတယ် ......ဂျီမင်း.....ကျွန်တော်ကတိတည်ပါတယ်နော်....ကျွန်တော့်ညီလေးကို ဂရုစိုက်ပေးပါနော်.........."

ယွန်းဂီ သတိလစ်သွားခဲ့သည်.....

"အစ်ကို.......အစ်ကို...."

ဂျောင်ဂု အစ်ကိုဖြစ်သူ ယွန်းဂီ ကို စိုးရိမ်ကြီးစွာအော်ခေါ်နေမိတော့သည်

မင်အီဟွန်း ကို လူသတ်လက်နက်နှင့်အတူ ဖမ်းဆီးခဲ့ပြီး ဂျောင်ဂု၏ မိဘနှစ်ပါးကို လုပ်ကြံသတ်ဖြတ်မှု့နှင့် ဂျောင်ဂု အား.
ကားနှင့် တိုက်သတ်ပစ်ရန်ကြံစည်မှု့
ကုမ္မဏီ၏ ရန်ပုံငွေတွေကို အလွဲသုံးစား လုပ်ပြီး ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုခဲ့ခြင်း စသော ပြစ်မှု့ များနှင့် ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားလေသည်

နှလုံးသား နှစ်ခု၏ ဆုံမှတ်Where stories live. Discover now