3. 𖤓 Compulsion 𖤓

205 24 0
                                    

YJw : "အင်း မင်းလုပ်နိုင်လား"

Sunoo : "ကျွန်တော်မလုပ်ချင်ဘူး"

YJw : "ရတယ်လေ...ငါ့ကိုတစ်လအတွင်းပြန်ဆပ်ပေါ့"

Sunoo : "အာ့တာလဲမရဘူး"

6လအတွင်းတောင် အငတ်ခံပြီးစုရင်တောင် ပြည့်ချင်မှပြည့်မှာကို
၁လအတွင်းဆိုတာကြီးက ဘယ်လိုမှမဖြစ်နိုင်။ တစ်ခုတော့ရှိသည်ဘဏ်မှာဓားပြသွားတိုက်ရင်တော့ တစ်မျိုးပေါ့လေ။ ကိုယ်ကရိုး²သား²လုပ်ကိုင်စားသောက်နေသော မိကောင်းဖခင်သားသမီးတစ်ယောက်မို့ ဒါမျိုးအလုပ်တွေမကြိုက်ပါ။

YJw : "မင်းငါ့ကို စျေးပြန်ကိုင်နေတာလား ငါမင်းကိုရွေးချယ်စရာလဲပေးထားတယ် ဒီလောက်သက်ညှာပေးထားတာပဲ မင်းကံကောင်းနေပြီ"

Sunoo : "ဟို...ကျွန်တော်အိမ်ပြန်ပြီး ခဏလောက်ပြန်စဥ်းစားလို့ရမလား အခုခေါင်းတွေ အရမ်းရှုပ်နေလို့ပါ"

Sunooစိတ်တွေလဲရှုပ်လာသည်မို့ အိမ်ပဲပြန်ချင်မိသည်။
အရင်ဆုံးဒီနေရာကနေ အမြန်ထွက်သွားချင်တာပဲသိတော့သည်။

ဂျောင်ဝန်း သူ့ရှေ့မှချွေးပြန်ကာ လှုပ်²ရှား²ဖြစ်နေသောသူအားကြည့်ရင်းသူပါအိုက်လာသည်။ *ဒါလေးပြောတာ ဒီလောက်ထိဖြစ်သွားဖို့လိုလို့လား*

YJw : "အင်း အိမ်ပြန်ပြီးသေချာစဥ်းစားကြည့်ပေါ့"

ပြောပြီးသည့်နောက် သူရဲ့ မူပိုင်ပါးချိုင့်လှလေးဖြင့် ပြုံးပြနေလေသည်။

ဒီတစ်ခေါက်အပြုံးကြီးများကိုတော့ သူမနှစ်သက်နိုင်တော့ပေ။ စိတ်မသက်သာဖြင့်သာ ခေါင်းညိတ်ပြလိုက်ပြီး လာခဲ့တဲ့လမ်းအတိုင်းပြန်လာခဲ့သည်။

Time skip

Jungwonတစ်ယောက် Sunooနဲ့တွေ့ပြီးမှ ထူး²ခြား²စိတ်ကြည်လင်ကာ သီချင်းတစ်ညည်း²နဲ့လှုပ်ရှားနေမိသည်။ သူတွေးထားတဲ့အတိုင်းမကြာခင်မှာ ဖြစ်လာတော့မည်ကိုကျိန်းသေ သိနေသယောင်။ အချိန်လဲရသေးတာမို့ ရေမိုးချိုးပြင်ဆင်လိုက်ပြီးနောက် သူ့ကားပျက်လေးအားပြင်ရန်ထွက်လာခဲ့လိုက်ပြီး ဝပ်ရှော့ဆိုင်သို့သွားနေသည်။

တီ...တီ...တီ

YJw : "Hello"

Jay : "ဟျောင့် မင်းအခုဘယ်မှာလဲ?"

ᗰY ՏᑌᑎᖴᒪOᗯᗴᖇ (ʏᴀɴɢsᴜɴ)Where stories live. Discover now