11. 𖤓𝚔𝚘𝚔𝚘 𝚎𝚗𝚓𝚘𝚢𝚎𝚛 𝙹𝚞𝚗𝚐𝚠𝚘𝚗𖤓

169 14 0
                                    

ဆေးရုံဆင်းပြီးတဲ့နောက်မှာတော့ အရင်လိုပုံမှန်နေ့ရက်တွေပြန်ရောက်လာခဲ့ပြီ။ အမေနဲ့အတူပြန်နေရသည်မို့ပျော်ပါသည်။ တဖြေး²သက်သာလာပြီး နေပြန်ကောင်းလာသောအမေကြောင့် စိတ်ပူစရာမရှိတော့တာကြောင့် ရင်ထဲပေါ့ပါးနေသည်။ ကျွန်တော်နဲ့ 𝖩𝗎𝗇𝗀𝗐𝗈𝗇ရဲ့ ဆက်ဆံရေးဟာလဲ ကျွန်တော့်ခံစားချက်တွေဖွင့်ဟပြီးနောက်ပိုင်းမှာ ပိုမိုလေးနက်လာကြပြီး အရင်ကထက်ကိုဂျောင်ဝန်းက ကျွန်တော့်ကိုပိုသဲ"လှုပ်လာခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်လုံးပျော်နေကြတယ်...အခုချိန်ထိတော့။ 𝖩𝗎𝗇𝗀𝗐𝗈𝗇ရဲ့ ဖုံးကွယ်ထားချင်စိတ်မရှိဘဲ ဟန်မဆောင်တတ်တဲ့ပုံစံတွေကြောင့် မေမေကမြန်²ပဲရိပ်မိသွားခဲ့တယ်။
သူမ လွယ်²နဲ့လက်ခံပေးလိမ့်မယ့်လို့တော့မထင်ခဲ့မိပေမဲ့ အမေကဒီလိုပြောခဲ့တယ်။

"ကောင်လေးက မင်းအနားကို တောက်တဲ့လိုမျိုးတွယ်ကပ်နေပေမဲ့
စိတ်အနှောင့်အယှက် ပေးချင်တာမျိုးမဟုတ်ဘဲ သူ့ကိုမှီခိုအားထားစေချင်တယ်လို့မြင်နေရတယ်"

ကျွန်တော်သူ့အပေါ် သံယောဇဥ်တွေပိုတိုးလာတယ်ထင်ပါရဲ့...။
နေတိုင်းနီးပါးလောက်တွေ့ခဲ့ကြတော့ အခုဆိုသူ့မျက်နှာလေးကိုမှမမြင်ရရင် နေမထိထိုင်မသာဖြစ်နေရသည်။ နေ့တိုင်းတွေ့ရဖို့ဆိုတာအရင်ကတော့ဖြစ်နိုင်ပေမဲ့ အခုချိန်မှာတော့ 𝖩𝗎𝗇𝗀𝗐𝗈𝗇က 𝖼𝗈𝗆𝗉𝖺𝗇𝗒မှာအလုပ်ဝင်နေပြီဖြစ်သည်။ ကျွန်တော်ကလဲ ကျောင်းပိတ်ထားတဲ့အတော်အတွင်းမှာ နားမနေချင်တာကြောင့် အချိန်ပိုင်းအလုပ်တစ်ခုဝင်လုပ်နေခဲ့သည်။

convenient storeမှာလုပ်ရတဲ့အတွက် သိပ်တော့ပင်²ပန်း²မရှိပါ။ အချိန်ကညဘက်ဖြစ်တဲ့အတွက် အပြန်တော့နောက်ကျပါသည်။

"ကြိုဆိုပါတယ်"

လုပ်စရာအထွေအထူးရှိမနေတာကြောင့် အတွေးများနေတုန်းမှာ တံခါးအား
တွန်းဖွင့်ဝင်လာသော လူရိပ်ကြောင့်အလျင်အမြန်ပဲဦးညွှတ်ကာနှုတ်ဆက်လိုက်လေသည်။ ကိုယ်အားပြန်မတ်ကာကြည့်လိုက်သောအချိန်တွင်

"Arr...Doctor nim"

"Sunooshi"

မထင်မှတ်ဘဲ ဆရာဝန်နဲ့လာတွေ့နေသည်မို့ ဆောနူလဲအံ့အားသင့်သွားသလို Doctorလဲထို့အတူပင်ဖြစ်လောက်မည်။

ᗰY ՏᑌᑎᖴᒪOᗯᗴᖇ (ʏᴀɴɢsᴜɴ)Where stories live. Discover now