Unicode
မြောင်နိုင်ငံ....
"သခင်လေး....မကြာခင် မြို့တော်ဟန်ယန်းကို ထွက်မဲ့ သင်္ဘောအချိန်ရောက်ပါပြီ..."
ဖြန့်ထားတဲ့ယပ်တောင်လှလှလေးကို ဖြတ်ခနဲသိမ်းလိုက်ကာ ခေါင်မိုးအောက်ကနေ ထွက်လာတဲ့ တည်တည်ကြည်ကြည်ချောချောမောမောကောင်လေးဟာ ပညာတော်သင်လာတဲ့ သုံးနှစ်တာကာလအတွင်း မြောင်နိုင်ငံက ပျိုဖြူချောတို့ရဲ့မင်းသားလေးပင်....။ ဂျိုဆွန်းကလာတဲ့ ဒီယောက်ျားပျိုက တော်တော်လေးမှကိုစွဲမက်ဖွယ်ကောင်းတယ်....။ လက်ကိုနောက်ပြစ်ပြီး ခပ်မတ်မတ်လျှောက်သွားတဲ့ကျောပြင်နောက်မှာ မျက်ဝန်းပေါင်းများစွာက စူးစိုက်ကပ်ငြိသွားသည်...။
ရေပြင်ကိုတိုက်ခတ်လာတဲ့ လေပြေနုအေးလေးကို မျက်ဝန်းတို့မှေးမှိတ်ပြီး သခင်လေးဂျွန် သင်္ဘောပေါ်ကနေ လတ်ဆတ်မှုတို့ကိုခံစားနေမိသည်...။ ဂျိုဆွန်းနဲ့မြောင်နိုင်ငံဟာ စစ်မက်မဖြစ်ပွားတော့တာကြာပြီ...။ နှစ်နိုင်ငံချစ်ကြည်ရေးတည်ဆောက်ထားကာ တစ်ဖက်နိုင်ငံကို ပညာတော်သင်သွားခွင့်ရှိသလို နည်းပညာတွေအချင်းချင်းဖလှယ်နေကြပြီ...။ ပညာတော်သင်ကပြန်ရောက်လာရင် ရာထူးတစ်ခုကစောင့်ကြိုနေမည်ဖြစ်ကြောင်း စစ်မက်ရေးရာအရာရှိဖြစ်တဲ့ အဖေ့စာထဲကနေသူသိခဲ့သလို လူတန်းစားအဆင့်အတန်းခွဲခြားမှုတွေ အခုထိတိုင်ရှိနေသေးကြောင်း ဂျိုဆွန်းမှာကျန်နေခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဆောင်ကျန်ကွမ်ကျောင်းသားခေါင်းဆောင်ဆီကနေသိရသည်...။
နိုယွန် ဆိုယွန် ဆိုပြီးလူတန်းစားခွဲခြားမှုမှာ နိုယွန်က အဆင့်အတန်းအမြင့်ဆုံးဖြစ်ပြီး ဆိုယွန်သည် လူလတ်တန်းစားဖြစ်သည်။ သို့သော် နိုယွန်ရော ဆိုယွန်ရောသည် အထက်တန်းလွှာများဖြစ်တာကြောင့် ထိုအထက်တန်းလွှာနှစ်ခုကို အလုပ်အကျွေးပြုဖို့ အစေခံအတန်းစားတစ်လွှာရှိနေသေးသည်....။ ဖြစ်နိုင်ရင် လူတိုင်းတစ်ပြေးညီထဲဖြစ်စေချင်ပါသည်....။ ဂျိုဆွန်းရဲ့ပညာသင်ကြားရေးမှာ ဆောင်ကျန်ကွမ်ကျောင်းတော်ကြီးက ပညာရေးအသက်သွေးကြောပင်ဖြစ်သည်....။ ဆောင်ကျန်ကွမ်ပညာသင်ကျောင်းသားတွေရဲ့အရေးပါအရာရောက်မှုသည် အရင်ကတင်မက အခုထိလဲ ကြီးမားဆဲပင်...။ ကျောင်းသားများသည် နိုင်ငံရေးထဲတွင်မပါ သို့ပေမဲ့ အိမ်ရှေ့စံအပ်နှင်းရာတွင် ဤကျောင်းသားများ၏အဆုံးအဖြတ် ရွေးချယ်မှုသည် အရင်ဖြစ်သည်....။ ကျောင်းသားများကို ပညာရှင်များဟုလဲခေါ်ကြသည်....။ ဂျွန်သည်လဲ ဆောင်ကျန်ကွမ်ကျောင်းတော်ကြီးရဲ့ ကျောင်းသားတစ်ယောက်ပါပဲ....။
YOU ARE READING
다시 만난다면 (If We Met Again)
Historical Fictionမြတ်မြတ်နိုးနိုး ခုန်ချခဲ့မိတဲ့ ညွှတ်ကွင်းတစ်ခု.... ဘဝတစ်လျှောက်လုံးတင်မက သံသရာအဆက်အဆက်... တမြေ့မြေ့သတိရနေမိတဲ့ လူတစ်ယောက်.... တစ်ခုတည်းသော နေ့ရက်တစ်ခုမှာ.... ဘာအလွှာခြားမှုမှမရှိတဲ့ ဖြစ်တည်မှုမျိုးနဲ့ လိပ်ပြာလှလှလေးတစ်ကောင်လို ...ပျံသန်းနိုင်ပါ့မလ...