Unicodeစာကြည့်မီးအိမ်နဲ့ ညအိပ်မီးဝါကျင်ကျင်လေးပဲထွန်းထားတဲ့အခန်းကျယ်ကြီးထဲ စာကြည့်စားပွဲခုံမှာထိုင်ရင်း တကုပ်ကုပ်အလုပ်ရှုပ်နေသူတစ်ယောက်...။ တစ်ခြားတော့မဟုတ် Jeon ပါပဲ...။ မျက်မှန်တစ်လက်တပ်ကာ စာအုပ်ကြီးထဲ ခေါင်းထိုးဝင်တော့မတတ် တစ်ခုခုကိုသဲကြီးမဲကြီးဖတ်နေသည်....။
Hmmmm...!!!
ဟင်းခနဲ့သက်ပြင်းချသံနဲ့အတူ ဖတ်လက်စစာမျက်နှာမှာ အမှတ်အသားလုပ်ပြီး စာအုပ်ထူကြီးကိုပိတ်ချလိုက်သည်...။ မျက်မှန်ကိုချွတ်ကာ ထိုင်ခုံပေါ်ခေါင်းနောက်လှန်ချကာ မျက်ဝန်းအစုံကိုပိတ်လိုက်ပြီး လက်ညှိုးနဲ့လက်မလေးက မျက်ရိုးကို ခပ်သာသာနှိပ်နှယ်နေမိသည်...။
ဖောက် ...!!!
မက်ဂျူဘူးကိုလက်ကကိုင်တာ မှန်ပြင်တံခါးရှည်ကြီးကိုတွန်းဖွင့်လိုက်သည်...။ ဝရံတာမှာမတ်တပ်ရပ်ကာ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး မက်ဂျူတစ်ငုံမော့သောက်လိုက်သည်...။ ရှတတနဲ့လည်ချောင်းထဲပူဆင်းသွားတဲ့ အရသာကခံစားလို့ကောင်းသည်...။ ဗျပ်စောင်းတစ်ခုအပေါ် ဘာလို့များ စိတ်ဝင်စားမှုနှုန်းမြင့်တက်နေရလဲ ကိုယ်တိုင်တောင်မသိ။ ဘယ်အရာကဆွဲဆောင်နေလဲဆိုတာလဲ မသိ။ ဘယ်နှခုနှစ်လောက်ကလက်ရာဖြစ်မလဲဆိုတာကို စာအုပ်တွေထဲလိုက်ရှာမိနေသော်လည်းအခုထိအဖြေမတွေ့သေး...။ ဘယ်ခုနှစ်လောက်ကဖြစ်မလဲ...။
************
"တပ်မှူး....!!!..."
အော်သံနဲ့အတူဆွဲလှည့်ကာရံလိုက်သော ဖြူလွှလွှ နောက်ကျောသေးသေးလေးမှာ မြှားတံတို့အစုစုလာစိုက်ကုန်သည်...။ တဖြည်းဖြည်းချင်းညွှတ်ကျလာတဲ့ကိုယ်ငယ်လေးသည် မြေကြီးပေါ်ဒူးထောက်ပြီးတအိအိပြိုဆင်းလာခဲ့သည်....။
တပ်မှူးဆိုသူရဲ့ နှုတ်မှ Yushi(ယုရှီ) လို့တဖွဖွခေါ်သံသည် တရစပ်...။ မြှားတံတွေကိုဆွဲမနှုတ်ပဲ အရင်းခြေကနေချိုးချလိုက်သံ ဂျွတ်ခနဲအသံတွေသည် ခြောက်ခြားဖွယ်....။ ပက်လက်ဖြစ်သွားတဲ့အနေအထားမှာ သွေးတွေတပွက်ပွက်အန်ထွက်လာပုံက မချိ့မဆန့်ဝေဒနါကိုခံစားနေရမှန်းသိသာလှစွာ....။
YOU ARE READING
다시 만난다면 (If We Met Again)
Ficção Históricaမြတ်မြတ်နိုးနိုး ခုန်ချခဲ့မိတဲ့ ညွှတ်ကွင်းတစ်ခု.... ဘဝတစ်လျှောက်လုံးတင်မက သံသရာအဆက်အဆက်... တမြေ့မြေ့သတိရနေမိတဲ့ လူတစ်ယောက်.... တစ်ခုတည်းသော နေ့ရက်တစ်ခုမှာ.... ဘာအလွှာခြားမှုမှမရှိတဲ့ ဖြစ်တည်မှုမျိုးနဲ့ လိပ်ပြာလှလှလေးတစ်ကောင်လို ...ပျံသန်းနိုင်ပါ့မလ...