If We Met Again
Unicode
ကိုရီးယားရိုးရာတူရိယာတစ်မျိုးဖြစ်တဲ့ ဗျပ်စောင်းတစ်ခု....။
အဲ့ဒီဗျပ်စောင်းကြိုးပေါ်မှာ ပြေးလွှားနေတဲ့ လက်တစ်စုံနဲ့အတူ သာယာနာပျော်ဖွယ်တေးသွားတစ်ပုဒ်....။
လက်တစ်စုံဟာ ရှည်သွယ်နေရမဲ့အစား ဖောင်းဖောင်းပြည့်ပြည့်လေး....။
သေချာတာတစ်ခုက ဗျပ်စောင်းတီးခတ်နေသူမှာ အမျိုးသမီးမဟုတ်ပဲ အမျိုးသားတစ်ဦးသာလျှင်ဖြစ်သည်....။
------------------------------------
At 2023
ကိုရီးယားရိုးရာ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ် လူငယ်သုတေသနပညာရှင် ပါမောက္ခ Jeon Jung Kook ။ အသက်အားဖြင့် 27 ဝန်းကျင်သာရှိသေးသော်လည်း ပါမောက္ခဆိုသော ဂုဏ်ပုဒ်ချီးမြှင့်ရလောက်အောင် တော်လွန်းထက်လွန်းသူဖြစ်ပြီး ရေးသားပြုစုထားသောစာတမ်းပေါင်းများစွာရှိသည်။ များသောအားဖြင့် သုတေသနစာတမ်းများသည် ရှာဖွေတွေ့ရှိသော ရှေးဟောင်းပစ္စည်းများရဲ့ ခုနှစ်သက္ကရာဇ်ကိုတွက်ဆပြီး ကိုရီးယားသမိုင်းကြောင်းတွင်ပါဝင်သော အကြောင်းအရာများအားမှီညမ်းပြုစုရေးသားထားကြတာ ဖြစ်တတ်သော်လည်း Professor Jeon ရေးသားသောစာတမ်းများမှာမူတစ်မူထူးခြားသည်...။ တစ်ချို့သောစာတမ်းများသည် အများသူငှာအဖို့ စိတ်ကူးယဥ်စာတမ်းရေးသားနေတာလားဆိုသော ဝေဖန်ချက်ပေါင်းများရှိနေပြီး ကိုရီးယားသမိုင်းနဲ့ သွေဖီနေတတ်ပါတယ်....။
တီတီတီ တီ...တီတီတီ တီ....ဆိုသော အသံနဲ့အတူ Alarm ကိုပိတ်ရန် သွေးကြောစိမ်းတွေထောင်နေသော လက်တစ်ဖက်...။ စမ်းတဝါးဝါးနဲ့ နာရီကိုစမ်းမိပြီး Alarm ပိတ်လိုက်ပြီးနောက် ထိုလက်တစ်ဖက်သည် ကုတင်အောက်တွဲလောင်းကျပြီးငြိမ်သက်သွားပြန်သည်...။ Professor Jeon တစ်ယောက် Alarm ပိတ်၍ပြန်အိပ်ခြင်း။ နှိုးစက်ပြီးတော့ Vibrate တုန်ခါသံကြားတဲ့အခါမှာတော့ ဆက်အိပ်လို့မရတော့ဘူးဆိုတာကို Jeon တစ်ယောက်နားလည်လိုက်ပါသည်....။
"ကျစ်....ဘယ်သူလဲကွာ....မနက်သုံးနာရီခွဲမှအိပ်ရပါတယ်ဆို...."
ဆူဆောင့်အောင့်ကာဖုန်းကို နားအောက်ထိုးထည့်လိုက်သည် မျက်လုံးတို့ကတော့ပွင့်လာခြင်းမရှိသေး...။
YOU ARE READING
다시 만난다면 (If We Met Again)
Ficción históricaမြတ်မြတ်နိုးနိုး ခုန်ချခဲ့မိတဲ့ ညွှတ်ကွင်းတစ်ခု.... ဘဝတစ်လျှောက်လုံးတင်မက သံသရာအဆက်အဆက်... တမြေ့မြေ့သတိရနေမိတဲ့ လူတစ်ယောက်.... တစ်ခုတည်းသော နေ့ရက်တစ်ခုမှာ.... ဘာအလွှာခြားမှုမှမရှိတဲ့ ဖြစ်တည်မှုမျိုးနဲ့ လိပ်ပြာလှလှလေးတစ်ကောင်လို ...ပျံသန်းနိုင်ပါ့မလ...