Intro- Love Story

1.7K 110 72
                                    

(🆉)

တစ်ရက်အတွင်းမှာပဲ အချစ်စစ်နဲ့တွေ့ခဲ့ပြီး လက်တွဲဖော် ဆိုတဲ့ နူးညံ့တဲ့ချစ်သူလေးနဲ့ ချစ်ခဲ့ကြတယ် ၊ 39နာရီ မိနစ် 40လောက်ပဲ ကျွန်တော်နဲ့ကျွန်တော့်လက်တွဲဖော်ဟာ အတူရှိနိုင်ခဲ့ကြတယ်...

မြင်မြင်ခြင်းအချစ်ဆိုတာ အဲ့သလောက် ကြည်နူးဖို့ကောင်းတာလား 

အမြတ်တနိုးငေးကြည့်နေတတ်တဲ့ သူ့မျက်လုံးဝိုင်းဝိုင်းတွေကိုသဘောကျတယ် ။ လက်ကိုဖွဖွနမ်းရှိုက်တတ်တဲ့ သူ့အပြုအမူတွေ ၊ ကျွန်တော့်လို အမြဲလှောင်ပိတ်သလိုခံစားချက်နဲ့အသက်ရှင်ရတာမျိုးမဟုတ်ပဲ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူ့ဘဝလေး သူနဲ့ပတ်သက်တဲ့အရာမှန်သမျှ သဘောကျသလို နမ်းရှိုက်ခွင့်ရခဲ့တဲ့ နှုတ်ခမ်းအောက်က မှဲ့နက်လေးက ကျွန်တော့်ကို ရင်ခုန်စိတ်လှုပ်ရှားစေတယ် ။

"ဂျွန်က ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းရှင်သန်နေတယ် သူနဲ့ပြန်တွေ့နိုင်ဦးမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ် "

"အချိန်တစ်ရက်ကျော်အတွင်းလေးပဲ အတူလက်တွဲနိုင်ခဲ့ပေမဲ့ သူနဲ့အတူရှိချိန်တွေက အရမ်းကြည်နူးပြီးနှစ်သက်စရာတွေပါပဲ "

"ကျွန်တော့်မှာ အခုထိ သူနဲ့ပတ်သက်တဲ့ အဆက်အနွယ်ဆိုလို့ ဒီနားဆွဲလေး တစ်ဖက်တည်းပဲကျန်ရှိခဲ့တာ "

"သူ့ဓာတ်ပုံလေးတစ်ပုံတောင်မရှိဘူး သူ့ရဲ့ချောမောခန့်ညားတဲ့ ပုံရိပ်လေးက ကျွန်တော့် မှတ်ဉာဏ်ထဲမှာပဲရှိတော့တယ် သူ့ဆီက ပန်းချီဆွဲသင်ခဲ့ရင် သူ့မျက်နှာချောချောကို ပုံ တစ်ရာမက ဆွဲနိုင်နေမှာ "

"ဂျွန် ဆိုတဲ့စကားလေးကြားရင် ရင်ထဲမှာ အမြဲတမ်း အေးချမ်းနေတတ်တယ် ကင်မ်လို့ခေါ်တဲ့အသံလေးတွေ ထယ်ထယ်လို့စနောက်တတ်တဲ့ စကားလုံးတွေနဲ့ ငါ့ကိုထပ်စပါဦး ဂျွန် ဘယ်လောက်ကြာကြာစောင့်နိုင်ပါတယ် "

အသက် 36 နှစ်အရွယ် ကင်မ်က စာအုပ်လေးတစ်အုပ်ကို အမြတ်တနိုးကိုင်ထားပြီး သူ၏ အချစ်ပုံပြင်ကို​ပြောပြ​နေခဲ့တယ် ။

နာမည်ကြီးစာအုပ်ကို ထုတ်ဝေနိုင်ခဲ့တဲ့ Kim က Titanic သဘောင်္ကြီး၏ အသက်ရှင်ကျန်ရစ်သူတွေထဲကတစ်ဦးဖြစ်ပြီး ကမ္ဘာကျော်သွားစေတဲ့ သူ့စာအုပ်က သူနဲ့သူ့ချစ်သူကောင်လေးရဲ့ အဖြစ်အပျက်တွေကို နှလုံးသားနဲ့ခံစားပြီး ရေးသားခဲ့တာတဲ့လေ ။

39 hours 40 minutes (Titanic)Where stories live. Discover now