(🆉)
"ဒီတော့ ခင်ဗျား နောက်ဆုံး ဘွိုင်လာ 4လုံးကိုမသုံးရသေးဘူးပေါ့ ဘယ်နှစ်ရက်တောင်ကြာနေပြီပဲ ကိုယ်ယုံကြည်လို့လွှတ်ထားခဲ့တာ"
"ဟုတ်ကဲ့ပါ Mr.Ismay မလိုဘူးထင်လို့ပါ အခု ကိုယ်တို့ အကောင်းဆုံးအချိန်ကိုရနေတာပဲ "
"Captain Smith မီဒီယာတွေက Titanic ရဲ့ အရွယ်အစားကို သိပြီးနေပြီ ကိုယ်က Titanic ရဲ့ အမြန်နှုန်းကိုပြချင်တာ ကိုယ်တို့ သတင်းအသစ်တစ်ပုဒ်ဖန်တီးမယ်လေ စံချိန်တင်ကိုတင်ရမှာ Titanic ရဲ့ သတင်းက ခေါင်းစီးထိပ်ပိုင်းမှာ ပါကိုပါလာရမယ် "
Captain က မျက်နှာအနည်းငယ်တော့ ပျက်သွားသည် ။ အခုသွားနေတဲ့ နှုန်းနဲ့လည်း အကုန်အဆင်ပြေနေတာ ။ လောဘမကြီးချင်တာကတော့ အမှန်။
"Mr.Ismay ကိုယ်တို့ အဆင်ပြေနေတာပဲ အခု သူမ သွားနေတဲ့နှုန်းက အရမ်းလည်းမနှေးပါဘူး ကိုယ် ဒီအင်ဂျင်တွေကို မသုံးချင်သေးဘူး ကျန်တဲ့အချိန်ဆို ဘာမှမပြောလိုပေမဲ့ NewYork ကိုသွားရတဲ့ခရီးလမ်းက ရေခဲကျွန်းမြောတွေ အများကြီးရှိနေမှာပါ အခုတော့ ရေခဲကျွန်းမြောမတွေ့သေးပေမဲ့ မနက်ဖြန်လောက်ကြရင် တွေ့လာနိုင်ပါတယ် "
ဒါ Captain လိမ်နေတာမဟုတ်ဘူး တကယ်အမှန်တွေပဲ ။ သတိဆိုတာ ပိုတယ်မရှိပါဘူး ။ ကောင်မလေးက အဆမတန် ကိုယ်ထည်ကြီးမားတဲ့အတွက် ကျန်တဲ့ သဘောင်္တွေထက် ပိုပြီး ဂရုစိုက်သတိထားနေရတာဖြစ်တယ်။
သို့ပေမဲ့ အောင်မြင်မှုနှင့် ပိုက်ဆံကိုသာ ကြည့်တတ်တဲ့ မစ္စတာအစ်စမေးအတွက်ကတော့ လက်လျော့ချင်ဟန်မရှိပါ ။ လှောင်သလိုအပြုံးကြောင့် Captain အမြင်မကြည်တာတော့ ဝန်ခံရမည် ။
"ဒါပေါ့လေ ကိုယ်က ခရီးသယ်တစ်ဦးကိုး ဒီသဘောင်္ကြီးကို ခင်ဗျားတစ်ယောက်တည်း ပိုင်တာလား? ဘာကအကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်မိတယ် "
"သူမ အခုအကောင်းဆုံးလုပ်နေပါတယ် မစ္စတာအစ်စမေး"
"ခင်ဗျားမအောင်မြင်ချင်ဘူးလား ကိုယ်တော့ Titanic ကိုအောင်မြင်စေချင်တယ် အင်္ဂါနေ့ညမှာ NewYork ဆိပ်ကမ်းကိုကပ်နိုင်ခဲ့ရင် အကုန်လုံး အံ့သြသွားမှာ ခင်ဗျားဦးဆောင်တဲ့ Titanic က သတင်းတွေမှာ ဖော်ပြခံရတော့မှာ Captain "
YOU ARE READING
39 hours 40 minutes (Titanic)
FanfictionJeon Jungkook & Kim Taehyung နှစ်ပေါင်းများစွာကြာသည်အထိ နောင်ဘဝအထိပါ ဤအချစ်တွေဟာ နက်ရှိုင်းတယ် နှစ်ပေါင်းများစွာကြာသည်အထိ နောင်ဘဝအထိပါ ဤအချစ်တွေဟာ နက်ရှိုင်းတယ် #CrdForAllPictures #JeonTaeyu9597 #HalfOwnCreation💫