3🌱

321 80 26
                                    


​ေနာက်နေ့ဆော့ဂျင်ကသူ့အင်ကျ..တွေလျှော်ပြီးပြန်ယူလာပေးတယ်။
အမှန်တိုင်းပြောရရင်မလျှော်ဘဲပြန်ပေးဖို့ကိုကျွန်တော်ပိုမျှော်လင့်တာ။
ထားပါ!

တစ်ပတ်မှာခြောက်ကြိမ်လောက်က
ဆော့ဂျင်သူ့အိမ်ကိုလိုက်လည်တာပဲ
သူဆော့ဂျင်အိမ်ကိုလိုက်လည်ချင်ပေမယ့်ဖုန်တွေနဲ့ညစ်ပက်နေမှာစိုးတယ်
သိတယ်မလား ..~
ဆော့ဂျင်ကဆင်းရဲသားလေ

သူငယ်ချင်းအချင်းချင်းမလို့မညှာပဲပြောတယ်မဟုတ်ရပါဘူး
တကယ်သူ့အိမ်ခဏလောက်ဆော့ဂျင်လိုက်လည်တဲ့အချိန်အဲ့ကောင်အတွက်သိပ်သာယာမှာ မစားဖူးတာတွေစားရ
မမြင်ဘူးတာတွေမြင်ရနဲ့လေ..

အဖေနဲ့အမေကဆောဂျင်လာတာသိပ့်သဘောကျတယ်ရယ်မဟုတ်ပေမယ့်
ဘာမှတော့မပြောကြ

ဆော့ဂျင်ကယောက်ျားလေးပေမယ့်တစ်ခါတစ်လေကျငေးချင်စရာလေးဗျ
သိပ့်ကြည့်ကောင်းတာတော့ကျွန်တော်ဝန်ခံပါတယ် တကယ်~~

ဒီတိုင်းခင်ကြတဲ့ဘက်ဒီတွေပေါ့ဗျာ

...

အားကစားချိန်ရောက်တာနဲ့ဆော့ဂျင်ကလှဲအိပ်နေရာကထလာပြီးအခန်းပြင်ထွက်သွားသည်။
သူနောက်ကလိုက်ရင်းလော်ကာထဲက
အင်ကျ..ထုတ်နေတဲ့ဆော့ဂျင်ဘေးရပ်နေလိုက်သည်။

"ဒီနေ့ဘက်စ်ကပ်ဘော ထရိန်နင်လား?"

"အေး "

"ငါလည်းလိုက်မယ်"

သူလိုက်မယ်ပြောတော့ဆော့ဂျင်ကသူ့ဘက်လှည့်ပြီးမျက်ခုံးလေးကျုံ့ကြည့်လာသည်။
ဘာလိုက်လုပ်မှာလဲဆိုတဲ့သဘော!

"မင်းဆော့တာကြည့်မလို့"

"သဘောပဲလေ"

ဂျာစီလက်ပျက်နဲ့ဘောင်းဘီလေးဝတ်ပြီးဘက်စ်ကပ်ဘော ဆော့နေတဲ့ ဆော့ဂျင်ကိုယ်လေးကခပ်ကြွကြွ
ဘောလုံးပစ်သွင်းဖို့ခုန်လိုက်တိုင်းလစ်ဟသွားတဲ့ပေါင်သားဝင်းဝင်းတွေကြောင့်ဂျောင်ဂု ခန္တာကိုယ်အပူရှိန်တိုးကာရေတွေလှိမ့်သောက်မိသည်။
ကောင်လေးအချို့အပြင်တစ်ခြားအတန်းကကလေးမလေးတွေတော်တော်များများရှိနေတာမလို့ မပိုင်တဲ့ကြားက ဂျွန်ဂျောင်ဂုတို့များ
သွေးတစ်ပူပူ

တစ်ဖြတ်နားတော့ဂျောင်ဂုကမ်းပေးတဲ့ရေဘူးကိုလှမ်းယူရင်းခေါင်းပေါ်ကလောင်းချကာဆံပင်တွေခါလိုက်တော့ကွင်းထဲမိန်းကလေးအချို့အော်သံတွေဆူညံကုန်သည်။

"ဂျောင်ဂုနောက်တစ်ဘူးပေးအုံး"

ရေနောက်ထပ်တစ်ဘူးယူကာကမ်းပေးလိုက်ရင်းဂျွန်ဂျောင်ဂုတိူ့မျက်နှာမှုန်ကုတ်ကုတ်

"မင်းထရိန်နင်ကမပြီးသေးဘူးလား?"

"မင်းမစောင့်နိုင်ရင်ပြန်တော့လေ"

ဆော့ဂျင်ခပ်ပေါ့ပေါ့ပြောလိုက်သည်ကိုဂျောင်ဂုကမကျေနပ်သလိုရှိသည်။
နှာတစ်ချက်မှုတ်ရင်းခပ်ပေပေနဲ့ဆက်စောင့်နေသည်။ခဏနေလို့လေ့ကျင့်ရေးပြီးသွားတာတောင်ခပ်ရှုပ်ရှုပ်ကောင်တွေနဲ့စကားများနေသည့်ဆော့ဂျင်သူကျောင်းနောက်ဘက်ထိအတင်းဆွဲခေါ်လာလိုက်သည်။

ဆော့ဂျင်ကဆဲရေးကာသူ့လက်ကိုဆောင့်ဖြုတ်ချလိုက်သည်။ခပ်ရဲရဲမျက်နှာနဲ့ဂျောင်ဂုကိုခပ်ထေ့ထေ့ပင်ကြည့်လာသည်..

အသဲခိုက်စရာပါဗျာ

"ဘာစောက်ရူးထတာလဲဂျွန်ဂျောင်ဂု"

"ငါ့ကမင်းကိုခေါ်လာလို့မရလူးလား??
ဘာလဲ မင်းကအဲ့ချွေးတစ်ရွှဲရွှဲနဲ့ကောင်တွေကြားပလူးနေချင်တာလား?!!"

ဆော့ဂျင်မှာဘာစကားမှမပြောချင်သလိုသူ့ကိုစိတ်ပျက်စွာကြည့်လာသည်။
ဒါဘာအချိူးလဲ

"မင်းဘာတွေဖြစ်နေလဲငါမသိဘူးဂျောင်ဂုဒါမဲ့ခုကတစ်ခုခုလွဲနေတာတော့သေချာတယ်"

ဆော့ဂျင်ကသက်ပြင်းတစ်ချက်ချရင်းဆက်ပြောလာသည်။

"ငါ့ကိုမင်းရည်းစားလို့ထင်နေတာတော့မဟုတ်ဘူးမလားဂျွန်ဂျောင်ဂု? ဟင်မ်??"

ဆော့ဂျင်အကဲစမ်းသလိုလေးမေးကြည့်လိုက်တော့ ဂျွန်ဂျောင်ဂုတို့သူ့ကိုရှုတည်တည်နဲ့ပြန်ကြည့်လာသည်။
မတ်တပ်ထလာကာသူ့ပုခုံးကိုဆောင့်တွန်းရင်းပြောလာတဲ့စကား..

"စောက်ရူး ငါလားမင်းကိုကြွေမှာ?"

ဆော့ဂျင်စိတ်ထဲအောင့်သက်သက်
အရေးမပါတဲ့အထင်လွဲစရာအခြေအနေတွေကြားကဂျောင်ဂုခပ်တင်းတင်းပြောရင်းခေါင်းရှောင်သည်။

"ပြီးတာပဲလေ overမဖြစ်အောင်နေပေါ့"

ပုခုံးလေးတွန့်ပြကာခပ်ပြုံးပြုံးလေးပြောရင်းဆော့ဂျင်ထွက်လာလိုက်သည်။
မင်းကဝန်ခံမပြောချင်တော့လည်းကြုံလာရမှာတွေစောင့်ကြည့်နေပေါ့..

____🌱_______🌱____9/6/2024___

ဘယ်လိုလဲကြိုက်??မကြိုက်??

YoungWhere stories live. Discover now