အထက်တန်းတက်ရတဲ့နေ့တွေကဂျောင်ဂုအတွက်တစ်နေ့တစ်ခြားစိတ်ရှုပ်စရာကောင်းလာတယ်နောက်ဆုံးနှစ်ကအကိုကြီးတွေနဲ့တစ်ပူးပူးတစ်တွဲတွဲလုပ်နေတဲ့ဆော့ဂျင်ကအဲ့ထဲက ဆံပင်ကောက်ကောက်နဲ့ကောင်တစ်ယောက်နဲ့လည်းခပ်ရှုပ်ရှုပ်
ယူရှင်း ဆိုပဲ
အဲ့ကောင်ဂေးနေပြီလားတော့
ကျနော်မသိဘူး အဲ့ဘဲစီကစားခံရမှာတော့မြင်ယောင်နေရပြီဂျာစီတစ်ထည်နဲ့ချွေးတစ်ဒီးဒီးကျအောင်ဘက်စ်ကတ်ဘောစော့တဲ့ဆော့ဂျင်ပုံစံကကျောင်းကမဒီတွေခိုက်စရာပေါ့...
ကင်မ်ဆော့ဂျင်ကငယ်ငယ်ရွယ်ရွယ်နဲ့ရှုပ်ချင်တဲ့ဇရှိတယ်ဗျ.။ချီးယားအဖွဲ့ကစော်လေးတွေနဲ့ခြေခြင်းလိမ်နေတာမမြင်ချင်မှအဆုံး..သို့လော သို့လော ကင်မ်ဆော့ဂျင်ရဲ့ဇယားတွေကြောင့်သူငယ်ချင်းဖြစ်တဲ့ကျွန်တော်ကစိတ်ရှုပ်လာရတာပေါ့
နားချိန်မှာဆော့ဂျင်ပျောက်နေလို့လိုက်ရှာရင်းလော်ကာတွေအနီးကစတိုခန်းထဲကအသံတစ်ချို့ကြောင့်ဂျောင်ဂုလှမ်းကြည့်လိုက်သည်
စားပွဲခုံပေါ်တွင်ထိုင်နေတဲ့ဆော့ဂျင်မျင်နှာဆုပ်ကိုင်ရင်းနှုတ်ခမ်းကိုခပ်ပြင်းပြင်းနမ်းရှိုက်နေတဲ့ဆံပင်ကောက်ကောက်နဲ့ကောင်!
ဆော့ဂျင်ကလည်းအဲ့ကောင်ခါးကိုအတင်းဖက်ထားပြီးပြန်နမ်းနေတာများရမက်ပါပါကျွန်တော့်ခေါင်းထဲမီးတောင်ပေါက်ကွဲသွားသလိုခံစားရတယ်လို့ပြောရင်တောင်လိုနေအုံးမယ်
17နှစ်တာအတွင်းအဆိုးရွားဆုံးမြင်ကွင်းပဲရင်ဘက်ကိုလက်တစ်ဖက်နဲ့ဖိထားရင်းဂျောင်ဂုအလုအယအသက်ရှုမိသည်
ဒါမပြောပြနိုင်လောက်အောင်ဆိုးတယ်ဟိုစောက်ပေါကိုထိုးနှက်ပစ်ချင်စိတ်တွေကအစိုးမရ
"အင်းမ် ဂျင်"
"အဟင့်~ကိုကိုတော်ပြီကွာ"
ထပ်မံကြားလိုက်ရသည့်ကင်မ်ဆော့ဂျင်အသံဟာ ခပ်ချွဲချွဲ
အဟင့်?!! ဘယ်တုန်းကဆော့ဂျင်ခုလိုတွေတတ်သွားတာလဲလက်သီးကိုခပ်တင်းတင်းဆုပ်ရင်းတေးထားတဲ့စိတ်တွေကနောက်ထပ်မြင်လိုက်ရတဲ့အရာမှာထိန်းချုပ်နိုင်စွမ်းမဲ့
YOU ARE READING
Young
Fanfictionငါတို့ကငယ်ရွယ်ပြီးအမှားတစ်ခုလုပ်ဖို့အများကြီးမစဉ်းစားနိုင်ခဲ့ကြတဲ့အရွယ်တွေမလို့ပါ... . kookjin.. . sart~24.6.2023