နောက်နေ့တွေဆော့ဂျင်နဲ့ကျွန်တော့်ခြေနေပြန်အဆင်ပြေလာတယ်ပဲပြောရမလား
ကြောင်ပြီးအသဲယားစရာကြီးဗျတစ်ခါတစ်လေကျွန်တော်ဆော့ဂျင်ကိုဆွဲနမ်းတယ်။ မျက်နှာလေးရဲတက်လာရုံကလွဲမငြင်းဘူး..
အမှန်ကဆော့ဂျင်က ကစားသမားလေးပေါ့ဗျာ သူ့ဘဲကြီးနဲ့လည်းမပျက်ဘူး
ကျွန်တော်အီတော့လည်းဝင်ရောတယ်တစ်ခြားသူတွေသိသွားမယ့်ချိန်ကြရင်တော့ကျွန်တော်ကကျော်တဲ့ကောင်ပေါ့
နားစမ်းပါ ကြိုက်နေတာဗျ !ဘာမှမတတ်နိုင်ဘူးကျွန်တော်လည်း!!
နေ့ခင်းနားချိန်ရောက်တော့ဟန်ယူရှင်းကအခန်းထဲဝင်လာပြီးမနေ့ကမိုးမိထားလို့ကိုယ်နွေးတေးတေးဖြစ်နေတဲ့ဆော့ဂျင်ကိုသိမ်းဖက်ထားတာများ ဥစ္စာရူး..!
ရာသီဥတုကအေးရတဲ့ကြားဆော့ဂျင်ကဖျားနေတော့ရဲတက်နေတဲ့ပါးနှစ်ဖက်
သူ့ဘဲကြီးကအသဲယားပုံပေါ်တယ်နမ်းနေတာများတစ်ရှုံ့ရှုံ့
ကျောင်းအဆင်း..
ဟန်ယူရှင်းကားပေါ်ကုပ်ကုပ်ကလေးပါသွားတာမြင်လိုက်သေး..ဖျားနေတယ်ဆိုတော့သူ့ကိုကိုအပြုအစုတွေခံတော့မယ့်ပုံပဲအိမ်ပြန်ရောက်တဲ့ထိစိတ်တွေကအစိုးမရ
ဆော့ဂျင်ဟိုကောင်နဲ့များအိပ်လိုက်ရင်ဆိုပြီးရင်ဘက်ထဲကောင်ကပူတက်လာတာ
အတ္တလားဘာသဘောလဲ
ကျွန်တော်မသိမိုးသည်းတာတွေကလည်းရက်တွေဆက်
ညသန်းခေါင်ချိန်ကြီးထီးတစ်ချောင်းနဲ့ဆော့ဂျင်တို့အိမ်ကိုသွားရတာဘောင်းဘီဖျားမှာဗွက်တွေမြင်မကောင်း
ဒါအရင်ရက်ကမှဒယ်ဒီဆိုးလ်ကဝယ်လာပေးတဲ့ဟာဆော့ဂျင်တို့အိမ်တံခါးအစုတ်လေးကိုခေါက်နေတုန်းရင်ထဲတစ်လှပ်လှပ်
အကယ်၍များဆော့ဂျင်အိမ်မှာမရှိရင်ဆိုပြီး အဲ့အချိန်..
အိပ်ချင်မူးတူးနဲ့ထွက်လာတဲ့ဆော့ဂျင်ကညအိပ်ဘောင်းဘီတိုလေးနဲ့
တံခါးပေါက်မှာဆွဲကပ်ပြီးနမ်းလိုက်တော့အင့်~ခနဲအသံလေးကလွဲဘာမှမငြင်းဘူး"အင့်~မင်းဘာလာလုပ်တာလဲ?"
ဆော့ဂျင်ရဲ့အစိမ်းနုတီရှပ်လေးကို ပုခုံးဘေးဆွဲချရင်းပေါ်လာတဲ့အသားဥဥလေးကို နှာဖျားနဲ့ပွတ်ဆွဲရင်းစိတ်မွှန်နေသလိုသူ့စကားသံကဝေဝေဝါးဝါး
YOU ARE READING
Young
Fanficငါတို့ကငယ်ရွယ်ပြီးအမှားတစ်ခုလုပ်ဖို့အများကြီးမစဉ်းစားနိုင်ခဲ့ကြတဲ့အရွယ်တွေမလို့ပါ... . kookjin.. . sart~24.6.2023