'' ဆရာမ အဆင်ပြေရဲ့လား ''
'' ဟုတ်ကဲ့ ပြေပါတယ် ''
ခိုက်မိသွားတဲ့ ဒဏ်ရာကိုကြည့်ရင်း စိုးရိမ်တကြီးမေးနေကြတဲ့သူတွေကြောင့် စိတ်သာစေရန် ဖြေလိုက်ရသည် ။ တော်တော်လေး နာနေပေမယ့် သက်သက်ကြီး စိတ်ပူပေးနေကြမှာမျိုးတော့မလိုချင် ။
ဘာလိုလိုနဲ့ ဒီရွာကို တာဝန်ကျတာပင် တစ်လကျော်ခဲ့ပြီ ။
ဒီအတောအတွင်း ရွာသူရွာသားတွေနဲ့ ပိုရင်းနှီးခဲ့ရသလို အထူးတလည်အဖြစ်နဲ့ မထုံတက်တက်တေး သွင်ထူးမြတ်ကလေးနဲ့ပါ ရင်းနှီးလာခဲ့သည် ။
တစ်ချိန်လုံး သူများအိမ်မှာချည်း နေလို့အဆင်မပြေတာကြောင့် ဆရာကြီးကို ပြောပြတော့ ဝန်ထမ်းဆောင်တစ်ခု ဆောက်ပေးပါမည်ဆိုတဲ့အကြောင်း ကတိပေးလာသည် ။ ပြီးခဲ့တဲ့ အပတ်ကမှ ထိုအကြောင်းကို စကားစပ်မိရင်း ပြောခဲ့ပေမယ့် ဒီတစ်ပတ် ကျောင်းပိတ်ရက်မှာတော့ ဆရာကြီးကပင် ဦးဆောင်က ရွာထဲက လက်သမားအဖွဲ့တွေကို အကူအညီတောင်းပြီး လိုင်းခန်းသုံးခန်းပါတဲ့ အဆောင်သေးသေးလေးတစ်ခု ဆောက်နေကြတာ ရုပ်လုံးပင်ပေါ်လာပြီ ။
မြသက်ကိုယ်တိုင်လည်း အားနေတာမို့ အဆောင် ဆောက်နေတာကို လာကြည့်ရင်း ပိုနေလို့ ဖြတ်ထားတဲ့ ဝါးကပ်ပုံအတိုအစတွေကြားက သံစူးတော့သည် ။
အနာတရဆိုတာ ဖြစ်ချင်တော့လည်း မဖိတ်ခေါ်ပါပဲ ရောက်လာသည် ။
မြသက် ခြေဖဝါးက ဒဏ်ရာကို အာရုံပြုနေကြတာမို့ အားလုံးဟာ အလုပ်ဆက်မလုပ်နိုင်ကြ ။ မြှားတန်းရိုက်နေတဲ့ လက်သမားတွေကအစ အဆောင် ဆောက်တာကို လာကြည့်တဲ့သူတွေအဆုံး အားလုံးရဲ့ အာရုံက မြသက်ဆီမှာရောက်နေတာကြောင့် အဆင်ပြေတဲ့အကြောင်း ထပ်ခါတလဲလဲပြောပြီး နေတဲ့အိမ်ကို ပြန်ဖို့ဦးတည်လိုက်သည် ။
'' ဆရာမ ဆိုင်ကယ်ပေါ်တက်ပါလား ''
'' ရတယ် သွင်ထူးမြတ်ရဲ့ ဆရာမ သွားနိုင်ပါတယ် ''
သွင်ထူးမြတ်ရဲ့ မျက်နှာမှာ အလိုမကျတဲ့ ပုံစံဖြစ်သွားတာမို့ ပြုံးပြလိုက်ရင်း ထပ်မံ ငြင်းဆိုရသည် ။
YOU ARE READING
မြသက်ညို [ ျမသက္ညိဳ ]