'တီချယ်"
'ရှင် ရှင်"
'ဟီး"
'ဟော ဘာဖြစ်တာတုန်း"
'ထူးတာလေးကိုသဘောကျလို့ ရင်ထဲက ကလိကလိဖြစ်တယ်"
'ဟော ဒီကလေးမတော့ ဘာပြောမို့တုန်းပြောလေ"
'ရန်ဖြစ်ကြရအောင်"
'ဟင်"
'အတွဲတွေတို့ အိမ်ထောင်သည်တွေက ရန်ပိုဖြစ်ပေးရင် အချစ်တွေပိုတိုးတယ်တဲ့"
'ပေါက်ပေါက်ရှာရှာကွာ"
'ရန်ဖြစ်ရအောင်လို့ "
'မဖြစ်ချင်ပါဘူးကွာ တီချယ်က ဒီက ကလေးပိစိလေးကို တအားချစ်တာ မဖြစ်ဘူးနော်"
'မရပါဘူး ရန်မဖြစ်ပေးဘူးဆိုရင် စိတ်ကောက်ပစ်မှာ"
'ဟာ အဲ့လိုတော့ မလုပ်ရဘူးလေ ကျစ် ရန်ကလဲမဖြစ်ချင်ဘူး"
'အဲ့တာဆို လာမခေါ်နဲ့တော့"
ဟုပြောကာ နှုတ်ခမ်းဆူပြီးထထွက်သွားသူနောက်အားပြေးလိုက်ကာချော့ရပါတော့သည်'ကလေးရဲ့စိတ်မဆိုးပါနဲ့
'........"
'ကလေးလို့"
'........"
'ရန်ဖြစ်ပေးမယ် ဟုတ်ပြီလား"
'ဟီး အဲ့တာကြောင့် ချစ်တာ"
'ဟုတ်ပါပြီကွာ"
'အသံကလဲ စိတ်ပျက်နေတဲ့အသံနဲ့"
'မဟုတ်ရပါဘူးကွာ"
'ဘာမှမဟုတ်ရပါဘူး လာလုပ်မနေနဲ့ လိုင်းပေါ်က model girlလေးတွေရဲ့postတိုင်း ရှင် အသဲပေးထားတာလေ"
'အဲ အဲတာက"
'စားပြီးနားမလည်လုပ်တဲ့ အဒေါ်ကြီး"
'ဒီတိုင်းတွေ့လို့ပေးလိုက်တာပါကွာ ကလေးကိုပဲအချစ်ဆုံး"
'ရှင့်စကားတွေကိုဆက်ယုံနေရင် ကျွန်မ ဂျို၁၀ချောင်းနဲ့ နွားမကြီးလိုဖြစ်တော့မယ်"
'တကယ်ပါကွာ ကလေးကိုပဲချစ်တာ ကလေးသာဘ၀ကြီး ကလေးသာကမ္ဘာကြီး ကလေးသာကိုယ့်ရဲ့အလင်းရောင် ကလေးကကိုယ့်အတွက်အရာရာပါကွာ"
'အပိုေတွလျှာရိုးမရှိတိုင်းလာပြောနေတယ်"
'ဖြူစင်သွင် မင်းကို သိပ်ချစ်လွန်းလို့ လက်ထပ်ယူထားတာပါကွာ"
'ရှင်က နာမည်အပြည့်အစုံတောင်ခေါ်နေပြီပေါ့လေ"
'မင်း အရမ်းဂျစ်တယ်ကွာ"
'တစ်ချိန်ကြငြိုငြင်မယ်ဆိုတာသိသားပဲ ယောကျားတွေတင်မဟုတ်ဘူး မိန်းမတွေပါမကောင်းဘူး"
'တို့ကောင်းတယ်လေ လုပ်ကြည့်မလား"
'ဟင် ဘာတွေလာပြောနေတာလဲ"
'မင်းဘာတွေတွေးနေတာလဲ တို့ကစိတ်သဘောထားကောင်းတယ် ဒါကြောင့် စိတ်ဆိုးစိတ်ကောက်ရစ်ကြည့်မလားပြောတာပါ"(ဪ *___*)
'ဘာ ဘာမှမတွေးပါဘူး"
'ရန်မဖြစ်ချင်တော့ဘူးနော် ၅မိနစ်တောင်ရှိနေပြီလေ တော်တော့နော်"
'အင်း ဗိုက်ဆာတယ် အကင်လိုက်၀ယ်ကျွေး"
'အကင်တွေစားရင် ဗိုက်အောင့်မှာပေါ့"
'နဲနဲပဲစားမှာလေနော်"
'နဲနဲပဲနော် လာ သွားမယ်"
အကင်ဆိုင်ရောက်တော့ အပြောနဲ့အလုပ်နဲ့ညီတဲ့ ဒေါ်ဖြူစင်သွင်တစ်ယောက် အကင်မျိုးစုံ ရှိသမျှအကုန် ခြင်းလေးထဲထည့်ပါတော့တယ် ဒေါ်မနီခက် အတွက် စိတ်မကောင်းဘူး ~___~
'အစ် အစ်မ စုစုပေါင်းဘယ်လောက်ကျလဲဟင်"
ဒေါ်မနီခက်တို့ အသံတွေပါတုန်နေလေရဲ့ ဒါပေမယ့် သူ့ရဲ့ဇနီးလေးကတော့ အေးအေးလူလူ စားသောက်နေလေရဲ့'၄၇၈၀၀ပါ"
'ဒီ ဒီမှာပါ"
'ကျေးဇူးတင်ပါတယ်ရှင်"
'တီချယ်စားလေ"
'မင်းဘာသာမင်း၀အောင်သာစား"
'အဲ့တာဆို မချန်တော့ဘူးနော်"
'အင်း အင်း"
ဒေါ်မနီခက်တစ်ယောက်သွေးတက်နေလေပြီ ထို့နောက် အရုပ်ဆိုင်သွားချင်တဲ့ဟုဆိုသောကြောင့် လိုက်ပို့ရပြန်သည် အရုပ်များအား ကလေးတစ်ယောက်သဖွယ်နှစ်သက်လွန်းတာများ အရုပ်အကြီးကြီး၅ရုပ်တောင် ပူဆာ၏ မျက်လုံးလေးများက puppy eyes သဖွယ်မို့ ဒီမိန်းမက ဘယ်လိုစိတ်နဲ့များ မ၀ယ်ပေးဘဲရှိမလဲ
'အာ အပြင်သွားထားရတာ ပင်ပန်းလိုက်တယ် အိပ်တာပဲကောင်းတယ်"
ဟော အိပ်သွားပါပြီ Sugar mommy ဒေါ်မနီခက်တစ်ယောက် အမ်းထားပြီးပြီမို့ စားမယ်ကြံပေမယ့် အကြံစည်မအောင်မြင်လိုက်ပါ
ကလေးတွေစာမေးပွဲပြီးပြီထင်ပါတယ် Report card ထွက်တဲ့အချိန်ကြ fighting နော် ♡
Candy 🍬 🍭