8နှစ်ခန့်အကြာ
ထွက်သွားတာကြာပြီဖြစ်တဲ့မွေးရပ်မြေ ရင်နင့်အောင်ချစ်ခဲ့ရတဲ့အမျိုးသမီးရှိရာ နေရာကို ခြေပြန်ချခဲ့ရပြန်ပြီ အရာရာဟာပြောင်းလဲသွားပေမယ့် ခံစားချက်တွေ ဖြစ်ခဲ့တာတွေကတော့ မပြောင်းလဲသွားပေ
'သွင်ငယ်"
'တီယု"
'လွမ်းနေခဲ့ရတာကွာ"
'သွင်လဲလွမ်းပါတယ်"
'တီတီ တီတီ"
'ရှင် ရှင်"
'သာသားက တီတီကိုအရမ်းလွမ်းတာ"
'တီတီလဲလွမ်းတာပေါ့ kimလေးရယ်"
'ငါကိုကြမလွမ်းဘူးပေါ့ အစုတ်ပလုတ်မသွင်"
'လွမ်းပါတယ်ဟ"
'ဟွန့်"
'လာပါ သွားကြရအောင်လေ"
'ဟုတ်ကဲ့"
သွင်တို့အိမ်ကိုပြန်လာကြသည့်လမ်းမှာ ပြောင်းလဲသွားတဲ့အကြောင်းတွေပြောပြကြသည် သို့သော် တီချယ်အကြောင်းတော့မပါပင်
'ကိုကို"
'သွင်လေး"
'လွမ်းနေတာကိုကိုရယ်"
'ကိုကိုရောလွမ်းတာပေါ့"
'ဟုတ်ရဲ့လား ကိုကိုရဲ့daddyကြီးကိုချစ်နေရတာ သွင့်ကိုတောင်မေ့နေပြီမလား"
'မေ့စရာလားကွာ"
'ဟွန့် မယုံပါဘူး"
'ယုံလိုက်ပါ ယောင်းမလေးရဲ့"
'ဟုတ်ပါပြီရှင်"
'လာ လာအိမ်ထဲ၀င်ကြတာပေါ့"
သွင့်အခန်းကိုဦးတည်လိုက်သည် အခန်းလေးကအရင်တိုင်းပင် သန့်ရှင်းနေသည် ပစ္စည်းများကိုနေရာတကျထားပြီး ရေချိုးလိုက်သည် ရေချိုးပြီး မြန်မာ၀တ်ဆုံတစ်ခုထုတ်လိုက်သည်