သွင် ကျောင်းကိုသွားဖို့ပြင်ဆင်နေသည် ဒီနေ့တော့အန်တီမမtypeပင်
အဝါရောင်လေးနဲ့သွင်နဲ့လိုက်ဖက်လှသည် သွင်ဆံပင် အားကျစ်ဆံမြီးကျစ်ကာထုံးလိုက်သည်
'ဟူး.....ငါတောင်အသက်ကြီးလာပြီပဲ"
သွင်ညည်းလိုက်ပြီး အခန်းပြင်ထွက်ကာ အိမ်အောက်သို့ ဆင်းခဲ့သည် အိမ်ကလူများကတော့ သွင်အလှမှာနစ်မျောလို့နေလှတယ် ဆွဲဆောင်လွန်းတဲ့ရေမွှေးအနံလေးကလည်း မြတ်နိုးပစ်ချင်စရာ
သွင်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ကျောင်းတော်ကြီးရောက်ခဲ့ရပြန်ပြီ ကျောင်းအတွင်းခြေချလိုက်တာနဲ့ ဟိုး အရင်ကအတိတ်များက ပြန်လည်ဖုံဖော်လိုက်သလိုပင်
'သမီးသွင်"
'ဟာ တီချယ်ကျော့"
'ညည်းအေ ကျုပ်ကိုလာမတွေ့ဘူးရော်"
'မဟုတ်ရပါဘူးတီချယ်ရယ်"
'ဟွန့် လာ ညည်းကို ကျုပ်တို့တစ်ဖွဲ့လုံးကမျှော်နေတာ"
တီချယ် ကျော့တို့အဖွဲ့မှာ တီချယ်စော တီချယ်ရီ တီချယ်ချို တီချယ်မြင့် တီချယ်မြ တီချယ်သီတာ တီချယ်ခင်တို့ဖြစ်ကြသည် အားလုံးကသွင့်ဆရာမ များသည် ထိုအဖွဲ့တွင် သွင့်ချစ်ရတဲ့အမျိုးသမီးလည်း ပါချေသည်
'ဟယ် ပေါက်စ လှလာလိုက်တာအေ"
'မလှပါဘူးတီချယ်ရဲ့"
'ဟိတ် ပိစိငယ်"
'ရှင်"
'တို့တွေကိုပစ်ထားတယ်နော်"
'မပစ်ထားပါဘူးတီချယ်ရယ်"
'သေးသေးလေးက အန်တီမမtypeနဲ့ချေမိုးနေတာ"
'ဟုတ်ပါဖူးဆို တီချယ်တို့ကလဲ"
'ကြည့်စမ်း ကြည့်စမ်း အရင်အကျင့်တွေမပျောက်ပါလား နှုတ်ခမ်းကိုထော်နေတာပဲ"
'တီချယ်တို့နော်"
'ဟားဟား"
'သမီးငယ်"
'ဆရာမ"
'အမတို့ရေ ပွဲစတော့မယ်နော်"
'ဟေ လာပြီဟေ့"
'သမီးငယ် သွားရအောင်လေ"
'ဟုတ်"
'သမီးသွင်"
'ရှင် တီချယ်ကျော့"
'သမီးတီချယ်ခက်ဘာတွေပြောင်းလဲသွားလဲသိလား"
'ဘာတွေများပြောင်းလဲသွားလို့လဲ"
'ကလေးရှိတယ်ဆိုတာလေ"
'အဲ့တာဘာဖြစ်လို့လဲ"
'အဲ့ကလေးက သူ့ကလေးအရင်းမဟုတ်ဘူး"
'ရှင်"
'သူ့ယောကျားက ကလေးလိုချင်တယ်ဆိုလို့ မွေးစားထားတာ"
'ဘယ်လို"
'ခက်ကသူ့ယောကျားကို ယောကျားအဖြစ်မသတ်မှတ်ဘူး သူချစ်လဲမချစ်ဘူး သူချစ်တာတစ်ယောက်တည်းပဲ နှစ်တွေသာကြာတာ သူ့ချစ်တာသမီးတစ်ယောက်ထဲကိုပဲ "
'သမီးသိပါတယ်"
'ဒါဆို ဘာလို့ ထွက်ပြေးခဲ့ရတာလဲ"
'သမီးကကိုယ့်ခြေထောက်ကိုမရပ်နိုင်သေးဘူးလေ ပြီးတော့ အသက်အရွယ်ကွာလွန်းတော့ ကဲ့ရဲ့မှုတွေ အခက်ခဲတွေ ကို ဖြတ်ကျော်နိုင်မလား မသိနိုင်ဘူးလေ အဲ့တာကြောင့်ပါ"
'အဲ့တာဆို အခုရော ဘာဆက်လုပ်မှာလဲ"
'သူရဲ့အမျိုးသမီးဖြစ်အောင်လုပ်တော့မှာ ဘာတွေဖြစ်လာဖြစ်လာပေါ့"
မယားငယ်ဇာတ်တော့စတော့မယ် ဒီမယားငယ်မလေးသွင်ကိုချစ်ပေးလိုကိကြပါနော်
Candy 🍬 🍭