1.End But Not The End

765 39 4
                                    


Unicode

ဆိုးလ်မြို့အထက်တန်းကျောင်းတစ်ကျောင်း၏ကျောင်းတက်ချိန်မနက်ခင်း

"နီခီ!!"
"အော် ဆိုရာပါလား ဘာကိစ္စရှိလို့လဲ"
"ဘာကိစ္စရှိလို့လဲဟုတ်လား နင်ပြောတော့ငါ့ကိုသဘောကျတယ်ဆို အခုဘာဖြစ်လို့တခြားတစ်ယောက်နဲ့တွဲနေရတာလဲ"
"အင်း သဘောကျတယ်လေ အရင်တည်းက အခုတော့မဟုတ်ဘူး"
"နင်!!"
"အဲ့တာဘာစိတ်ဆိုးစရာရှိလို့လည်း မင်းလည်းငါ့ကိုသဘောမကျဘူးဆို ဟက် ဘာလည်း သဘောကျသွားပြန်ပြီလား"
"နီခီ နင်ဘယ်လိုဖြစ်လို့ အဲ့လောက်တောင်"
"လာပြီး ခေါင်းမစားနဲ့"
"နင်ကြည့်နေ နင်သေချာပေါက်နောင်တရစေရမယ် နီရှီမူရာရီခီ"
"ဆိုရာတော်တော့ လူတွေဝိုင်းကြည့်နေပြီ"
"အား!! တကယ်ပဲ"

စောနကရန်ဖြစ်သည်ကိုဝိုင်းကြည့်နေသောလူများမှာလည်းတစ်ဖက်မှကောင်မလေးထွက်သွားသည်နှင့် အကုန်လုံးအသီးသီးထွက်သွားကြသည် ဒီလိုမြင်ကွင်းမျိုးကသူတို့အတွက်အထူးအဆန်းမဟုတ်တော့ နီခီဆိုတာကတော့နဂိုတည်းကနေအဲ့လိုပဲလေ တစ်နေ့တစ်မျိုးမရိုးရအောင်ကိုတစ်ခုပြီးတစ်ခု သူ့ကိုကြိုက်တဲ့သူဆိုတာလည်းတစ်ကျောင်းလုံးကမိန်းကလေးတွေအကုန်လုံးနီးပါး ပြောရရင်တော့ playboy ပေါ့ အခုပြဿနာလာရှာတဲ့တစ်ယောက်ကလည်းတခြားသူတော့မဟုတ် သူတွဲခဲ့တဲ့မိန်းကလေးတွေထဲကတစ်ယောက်ပင် သူတို့လည်းသူတို့ပဲလေ နီခီအကြောင်းမသိတာလည်းမဟုတ်ဘဲနဲ့

..........................

နေ့လည်ခင်းနားချိန်ဖြစ်၍ကျောင်းသားတွေရဲ့ခြေလှမ်းတွေကတက်ကြွနေသည် ကျောင်းသားတွေဆိုသည်မှာလည်းစာသင်ရသည်မှလွဲရင်ကျန်တာဘာဖြစ်ဖြစ်အကုန်လုံးတက်ကြွနေကြသည်ကတော့အမှန်ပင်ဖြစ်သည်
တချို့တွေကကန်တင်း တချို့ကတော့အားကစားကွင်း စာဂျပိုးလေးတွေကတော့စာကြည့်တိုက် စတဲ့နေရာတွေမှာတော့လူများပြည့်လျှံနေလျက်ရှိနေသည်

ထိုနေရာများနဲ့ကွာခြားစွာပင် ကျောင်းဆောင်တွေရဲ့အနောက်ဘက်မှာတော့တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည် အေးအေးဆေးဆေးအနားယူချင်သူများအတွက်အကောင်းဆုံးနေရာလည်းဖြစ်သည် ဘေးပတ်လည်မှာသစ်ပင်တွေပန်းပင်တွေအများကြီးရှိရုံသာမကရေကန်အသေးလေးတစ်ခုလည်းရှိတာမလို့ သဘာဝသစ်တောလိုမျိုးလှပလျက်ရှိနေသည်

Please Let Me ̶H̶A̶T̶E YouWhere stories live. Discover now