Unicode
"ဆောနူဟျောင်း!!"
"အင်း"မနက်မိုးလင်းကျောင်းရောက်သည်ဆိုတာနှင့် သူ့ရည်းစားနားကပ်နေကြဂျောင်ဝန်းတစ်ယောက် သွားရင်းနဲ့ သူတို့နဲ့အတန်းတူကောင်မလေးတွေဆီက သူကြားလိုက်ရသောသတင်းတွေကြောင့် ဂျေးနှင့်ပင်မတွေ့ပဲ ဆောနူရှိရာအခန်းထဲသို့ပြန်ရောက်လာရခြင်း ကြားလိုက်ရတဲ့သတင်းကတော့တခြားမဟုတ် "ဒုတိယနှစ်က King ပတ်ဆောင်းဟွန်းကပထမနှစ်က ဂင်မ်ဆောနူဆိုတဲ့တစ်ယောက်နဲ့တွဲနေတာ" ဆိုတဲ့သတင်းပင် ထိုသတင်းသည်ပထမနှစ်တွင်တင်ပင်မဟုတ် တစ်ကျောင်းလုံးပြန့်နေပြီဖြစ်သည်
"တကယ်ကြီးလား တကယ်လား ဟင် ပြန်ဖြေဦးလေ"
"ဘာကိုလဲ အစမရှိအဆုံးမရှိ"
"ဆောင်းဟွန်းဟျောင်းနဲ့ တကယ်ကြီးတွဲနေတာလား"
"အင်း"
"ဘာ!! နေပါဦး ဘယ်တည်းကလဲ"
"မနေ့က"
"ဟင်? ဟုတ်ပြီ ပြောဦး ဘယ်ကနေဘယ်လိုလဲ"
"ဘာလုပ်ဖို့လဲ"
"သိချင်လို့လေ ပြောလို့ ဟျောင်း နော်"
"တကယ်တွဲနေတာမဟုတ်ဘူး"
"ဟင်? ပိုသိချင်သွားပြီ ပြောတော့ အခုချက်ချင်းပြော"သူနဲ့ဆောင်းဟွန်းနဲ့တွဲနေတာလားဆိုပြီး လာမေးတဲ့ဂျောင်ဝန်းကြောင့် ရုတ်တရက်ကြောင်သွားရသော်လည်းစချင်လာတာကြောင့် တမင်တကာ အင်းလို့ဖြေလိုက်ခြင်းဖြစ်သည် ဒါပေမယ့်လည်းဂျောင်ဝန်းအကြောင်းကိုကောင်းကောင်းသိနေတဲ့ ဆောနူကတော့သူမပြောမခြင်း လိုက်မေးနေမည်ဆိုတာကိုသိသည့်အတွက် အစကနေအဆုံးထိအကုန်သာပြောပြလိုက်သည်
မနေ့ကဆောနူနှင့်ဆောင်းဟွန်းတို့တွေ့ခဲ့ကြသောအချိန်
"ဝေ့လည်ကြောင်ပတ်လုပ်မနေပဲနဲ့ အဖြေပေးတော့လို့"
"ဟင် ဟိုအဲ့တာက"
"အဲ့တာက"
"ကျွန်တော်..."
"ရှုပ်တယ်ကွာ လက်ခံလား လက်မခံဘူးလား အဲ့တာပဲပြော"
"မသိဘူး"
"မသိဘူးဆိုတာကရောဘာလဲ"ဆောနူတော်တော်ကိုအကြပ်ရိုက်သည့်အခြေအနေဖြစ်နေပြီဖြစ်သည် သူ့အနေနှင့်တစ်ခြားတစ်ယောက်ကိုသဘောကျဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာတစ်ခုပင်ဖြစ်သည် ထို့ကြောင့် ပွင့်ပွင့်လင်းလင်းပြောလိုက်တော့လည်း ပြန်ပြောလာတဲ့စကားကြောင့် ဘာပြန်ပြောရမှန်းပင်မသိ ပတ်ဆောင်းဟွန်းခေါင်းမာသည်ဆိုတာကိုလည်းသူသိပါသည် ဒါပေမဲ့ဒီလောက်ကြီးကတော့တော်တော်ကို
YOU ARE READING
Please Let Me ̶H̶A̶T̶E You
FanfictionPlayboy နီခီကဂင်မ်ဆောနူလို့ခေါ်လို့ကောင်လေးကိုချစ်မိသွားတယ်တဲ့ အထက်တန်းကျောင်းတက်တည်းကရည်းစားဖြစ်ခဲ့သောဆောနူနှင့်နီခီ မထင်မှတ်ထားတဲ့အကြောင်းအရာတွေကြောင့်လမ်းခွဲခဲ့ကြတဲ့သူတို့နှစ်ယောက် ပြန်တွေ့တဲ့အချိန်မှာတော့ ဆောနူဟာဆိုရင်ဆောင်းဟွန်းနှင့်တွဲနေခဲ့သည်...