10.He back...

330 30 8
                                    

Unicode

"ဟိုဟာ ဆောနူမလား"

ဟီဆွန်း ဂျောင်ဝန်း ဂျေးနဲ့ ဂျိတ်ခ်တို့က အပြင်သွားပြီးပြန်လာကြခြင်းဖြစ်ကာ သူတို့၏မျက်နှာချင်းဆိုင်လမ်းဘက်မှာ ဆောနူကိုတွေ့သောကြောင့် ဟီဆွန်းကပြောလိုက်ခြင်းဖြစ်သည် ထိုအခါ ဂျောင်ဝန်းတို့သုံးယောက်ကလည်း ဟီဆွန်းပြတဲ့နေရာကိုကြည့်ကာ ဂျိတ်ခ် ဂျေးနှင့် ဂျောင်ဝန်းတို့ဆီမှ စကားသံတစ်ဆက်တည်းထွက်လာလေသည်

"ဟုတ်သား ဆောနူပဲ ဒါနဲ့အဲ့တာဘယ်သူပါလိမ့်"
"ဘေးကတစ်ယောက်ကမမြင်ဖူးတဲ့သူပဲ"
"နေစမ်းပါဦး မြင်ဖူးသလို လို ရားး!!!"
"ဘာဖြစ်တာလဲ ဂျောင်ဝန်း"

မိုးသံလေသံထဲ ဂျောင်ဝန်း၏ ရုတ်တရက်ထအော်သံကြောင့် ဘေးရှိသုံးယောက်ကလန့်သွားကြသလို ဂျေးဆီမှလည်းစိုးရိမ်စကားချက်ချင်းထွက်လာလေသည် ဂျောင်ဝန်း၏မျက်နှာထားကတော့ သရဲမြင်သလိုလန့်နေဟန်ရှိပြီး မျက်ဝန်းတို့ကအံ့သြဟန်အပြည့်ဖြစ်နေသည် ပြီးတော့ ပြောရခက်သောစကားကိုပြောရသည့်အလား ထစ်ထစ်ငေါ့ငေါ့နှင့် စကားသံထွက်လာလေသည်

"အဲ့ အဲ့တာက နီ နီခီ"
"ဟင် ဘယ်သူလဲ"
"နီခီကဘယ်သူတုန်း"

နီခီဆိုသောသူကို သူတို့လူလည်းမမြင်ဖူးသလို နာမည်လည်းမကြားဖူးတာကြောင့် ဂျေးနှင့် ဂျိတ်ခ်ဆီမှ အမေးစကားသံထွက်လာခြင်းဖြစ်သည် သို့ပေသည် ဂျောင်ဝန်းကဘာမှပြန်မဖြေပဲ ဆောနူနှင့်နီခီ ကိုသာမှင်သေသေနှင့်ရပ်ကြည့်နေလေသည် ထိုအချိန်သူ့စိတ်ထဲတွေးမိတာကတော့ တစ်ခုတည်းသာ "မကြာခင်ပြဿနာတစ်ခုခုဖြစ်တော့မှာပဲ" ဟူ၍သာ

"ဘာကိုဟင်တုန်း"
"......."
"သတိရနေခဲ့တာ ဆောနူကို"
"ဟင့်အင်း ငါတော့သတိမရဘူး"

ဆောနူ၏ထိုသို့ပြောလိုက်သော စကားက နီခီအတွက်တော့တော်တော်ကိုခံရခက်ပါသည် ဘယ်သူကသူချစ်ရတဲ့သူဆီကနေ အဲ့လိုမျိုးအပြောခံချင်မှာလဲ သေချာပေါက်ဆောနူဆီမှာသူမသိတဲ့ပြဿနာရှိနေတယ် ဆိုတာသေချာပါသည်

"ဆောနူ ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ဘူး လွှတ်"
"မဟုတ်ဘူး ဆောနူဘာဖြစ်နေတာလဲ"
"ငါ့ဘာသာငါဘာဖြစ်ဖြစ် မင်းနဲ့မဆိုင်ဘူး လွှတ်စမ်းပါ"

Please Let Me ̶H̶A̶T̶E YouWhere stories live. Discover now