6.

219 25 4
                                    

Unicode

"ဆောင်းဟွန်းဟျောင်းက ငါ့ကိုသဘောကျတယ်တဲ့"
"ဘာ!!....ဆောင်းဟွန်းဟျောင်းကလေ ဆောနူဟျောင်းကိုဘာဖြစ်တယ်"
"ကြားတဲ့အတိုင်းပဲလေ"
"နားကြားမှားတာတော့မဟုတ်ဘူးမလား"
"မဟုတ်ဘူး"

ကြားလိုက်ရတဲ့စကားကြောင့် ဂျောင်ဝန်းတစ်ယောက်လက်ထဲမှာတူနဲ့ညှပ်ထားတဲ့ထမင်းလိပ်ကို ဆက်ပဲစားရမလိုလို ပြန်ပဲချလိုက်ရမလိုလိုဖြစ်နေလေသည် အံ့သြခြင်းများစွာသည်လည်းအပါအဝင်ပေါ့

"နေပါဦး ဘယ်ကနေဘယ်လို မဟုတ်ဘူး ဘယ်တည်းကလဲ"
"ဘာကိုလဲ"
"ဆောင်းဟွန်းဟျောင်းက ဟျောင်းကိုသဘောကျတာ"
"ငါလည်းမသိဘူးလေ သူပြောတာပဲ ငါကဘယ်လိုသိမှာလည်း"
"မဟုတ်သေးဘူးလေ အဲ့တာကတော့"
"ဟင်"
"ဘာမှမဟုတ်တော့ဘူး ထမင်းဆက်စားတော့"
"မင်းက ဖွင့်ပြောခံရတဲ့ငါ့ထက်တောင်ပိုဆိုးနေတယ်နော်"
"ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါဟျောင်းကလည်း"

သူတို့နှစ်ယောက်လုံးအဲ့ညက အတွေးကိုယ်စီနဲ့ဖြစ်နေတာမလို့နောက်ထပ် ထပ်ပြီးတော့ဘာစကားမှမပြောဖြစ်ခဲ့ ဂျောင်ဝန်းကတော့ဆောနူတို့အကြောင်းကိုစဥ်းစားနေတာဖြစ်ပြီး ဆောနူကတော့ဘာတွေစဥ်းစားနေလည်းဆိုတာကတော့သူကိုယ်တိုင်သာသိပါလိမ့်မည်

................

"ဆောနူ"
"အမေရေ!!"

ဆောနူတစ်ယောက်တည်းကျောင်းဝန်းထဲကခုံတန်းမှာထိုင်နေရင်းနဲ့ အနောက်ကနေရုတ်တရက်သူ့နာမည်ကိုခေါ်လာတာကြောင့် ဆောနူတစ်ယောက်လန့်ပြီးထအော်လေသည် သူထအော်တာကိုအနောက်ကသူ့ကိုခေါ်သည့်လူက သဘောကျနေသည်နဲ့တူ ရယ်သံထွက်လာလေသည် လှည့်ကြည့်လိုက်တော့ တခြားသူမဟုတ် မနေ့ကမှသူ့ကိုဖွင့်ပြောထားတဲ့ ပတ်ဆောင်းဟွန်းဆိုတဲ့တစ်ယောက်ပင်
ပြီးတော့သူထိုင်နေတဲ့ခုံတန်းဘေးကနေရာလွတ်မှာလာဝင်ထိုင်ပြီး ရယ်သံသဲ့သဲ့နှင့်စကားဆက်လာလေသည်

"ဘာဖြစ်လို့ အဲ့လောက်လန့်သွားရလဲ ကိုယ်ကသရဲမှမဟုတ်တာ"
"မဟုတ်ဘူးလေ ရုတ်တရက်ဆိုတော့"
"အင်း အဲ့တော့မနေ့ကကိုယ်ပြောခဲ့တာ"
"ဟင် ဘာ ဘာကိုလဲ"
"မသိချင်ယောင်မဆောင်နဲ့"
"......"
"အဲ့တော့ဘယ်လိုသဘောရလဲ"
"အဲ့ အဲ့တာကလေ..."

Please Let Me ̶H̶A̶T̶E YouWhere stories live. Discover now