ဆိုးလ်မြို့ရဲ့နံနက်ခင်းတစ်ခုတနင်္လာနေ့ဖြစ်တာကြောင့် ကျောင်းသွားသည့်သူကသွား အလုပ်ကိုသွားသည့်သူသွားနှင့် လမ်းမပေါ်၌ လူများဖြင့်ပြည့်နှက်နေသည်
"အီဟန်ရေ!! သားလေး
ထတော့ "
"ဒီကလေး ကျောင်းနောက်ကျတော့မှာပဲ""ထပါပီ အမေရယ် မနက်စောကြီး"
မနက်ခင်းကြီးအမေ့ရဲ့ နှိုးသံကြောင့်ထလိုက်ရသည်
"ဘာကိုစောတာလဲ နာရီကိုကြည့်လိုက်အုံး
ကျောင်းနောက်ကျတော့မယ် ""အမေအလုပ်သွားပီနော်"
"ဟုတ်ကဲ့"
အီဟန်လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ပီး ကျောင်းသွားရတော့သည်
______&______
ကျောင်းရောက်တော့ အရင်ဆုံးအခြေချမိတဲ့
နေရာက ကျောင်းစာကြည့်တိုက်"အီဟန်ကတော့ စာမေးပွဲရှိတာတောင် စာကြည့်တိုက်ကို ခြေဉီးလှည့်နိုင်သေးတယ်နော်"
စာတိုက်မှူးရဲ့ ခပ်နောက်နောက်စကားကြောင့် အီဟန်ပြုံးပြလိုက်ရသည်
"အိုခေ တွေ့ပီ"
အီဟန်လိုချင်တဲ့တွေ့ပီးနောက် စာကြည့်တိုက်မှူးဆီသွားရတော့သည်
"ဆရာဂင် ဒီစာအုပ်လေး..."
ဆရာဂင်က စာကြည့်တိုက်မှူးဖြစ်သော်လည်း အလယ်တန်းနောက်ဆုံးနှစ်က ဆရာဖြစ်တာကြောင့် ဆရာလို့ပဲခေါ်ဖြစ်သည်
"အိုးး ဒီစာအုပ်ကို ဘယ်သူမှမငှားသေးဘူးဘဲ"
ဆရာ့စကားကြောင့် အောင်နိုင်သူပြုံးလေး ပြုံးလိုက်သည်
"နောက်ဆုံးတော့ ဟန်ထယ်ဆန်း ဆိုတဲ့လူကိုနိုင်ပီကွ yess!"
"အီဟန် စာတွေပဲဖတ်မနေနဲ့ ကျောင်းစာလေးလည်းလုပ်အုံး"
"ဟုတ်"
ဆရာစကားကိုပြန်ဖြေရင်း စာအုပ်အဖုံးကိုကြည့်လိုက်တော့
လှူဒါန်းသူ - ဟန်ထယ်ဆန်းသောက်ကျိုးနည်းဒီနာမည် နေရာတကာကိုပါလွန်းတယ်
"ဆရာ ဒီလူကိုသိလား"
YOU ARE READING
Whisper Of The Heart
Fanfictioninspired by Whisper Of The Heart ငါမင်းကိုသတိထားမိနေတာကြာပီ အီဟန်နီး မင်းကတော့သတိထားမိရဲ့လားတော့မသိပေမဲ့ အဲ့ချိန်ကတည်းကကိုယ်မင်းကို ချစ်ခဲ့တာ~