³

214 24 0
                                    


ဂျောင်ဝန်းနဲ့ ကျောင်းဘောလုံးကွင်းမှာ တွေတဲ့နေ့

တဖြူးဖြူးတိုက်နေတဲ့လေညင်းတွေက အီဟန်ရဲ့ဆံနွယ်လေးတွေကိုကျီစယ်နေသယောင်

အဲ့နေ့တုန်းက အီဟန်တစ်ယောက် သစ်ပင်အောက်မှာတစ်ယောက်တည်းထိုင်ရင်း သီချင်းတစ်ပုဒ်ကိုရေးနေသည်
အီဟန်ရဲ့အိပ်မက်ကတော့ စာရေးဆရာ‌တစ်ယောက်ဖြစ်ရန်ဖြစ်သည်
ဒါကြောင့် အားရင်အားသလို စာရေးလေ့ရှိသည်

အီဟန်ရေးနေတုန်း မျက်စိညောင်းလာ၍ သီချင်းစာရွက်ကို စာအုပ်မှာညှပ်ပီး ဘေးမှာထားလိုက်သည်

မကြာလိုက် ကျောင်းတက်ခေါင်းလောင်းသံကြောင့် အတန်းကိုပြေးရတော့သည်
အတန်းမရောက်ခင် လမ်းတစ်ဝက်၌ စာအုပ်ကျန်ခဲ့သည်ကို သိလိုက်၍ ပြန်လှည့်ကာ သစ်ပင်အောက်သို့ပြန်‌ပြေးသွားရသည်

အီဟန်သစ်ပင်အောက်ကိုရောက်‌တော့ သူ့သီချင်းစာရွက်ကိုဖတ်နေသည့်လူကြောင့် အရှိန်သတ်လိုက်သည်

"ဒီမှာ အဲဒါကျတော့်စာအုပ်မလို့ ပြန်ပေးပါလား"

"ဪ ဟုတ်လား"

အဲ့ဒီဘက်ကလူကအီဟန်ကိုမော့ကြည့်ကာပြန်ဖြေလာသည်
နောက်တော့ မတ်တပ်ရပ်ကာအီဟန်ဘက်ကိုလှည့်လာပီး

"မင်းက သတိမေ့တတ်တယ်ထင်တယ် နောက်ဆိုရင်သတိထားနော် ကင်မ်အီဟန်ရှီး"

အီဟန်သူ့ရှေ့ကလူရဲ့စကားကြောင့်မျက်မှောင်ကြုတ်သွားသည်
အီဟန်စိတ်ထဲမှာတော့
*မင်းကငါ့အမေမလို့လား ငါ့ကိုဆုံးမနေရအောင်* ဟုပြောလိုက်သည်

လက်တွေ့မှာတော့

"ဟုတ်ကဲ့ပါဗျ" ဟုရိုရိုသေသေပြောလိုက်သည်

ထို့နောက်အဲ့ဒီလူကထွက်သွားသည်

မကြာလိုက် ပြန်လှည့်လာပြီး သူ့ကို အနီးကပ်ကြည့်ကာ

"မင်းရေးထားတဲ့သီချင်းက မူရင်းထက်တောင်ဆိုးတယ်နော်"

ဟုပြောကာ လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်ပီး ထွက်သွားသည်

အီဟန်‌ကတော့ ဒီလူကိုအမှုန့်ကြိတ်ချင်နေပီဖြစ်သည်

ဘယ်နှယ့် ပထမဆုံးတွေတဲ့လူကိုမှ မလေးမစားလာပြောရတယ်လို့ ယဉ်ကျေးမှုမရှိလိုက်တာ

Whisper Of The Heart Where stories live. Discover now