ကျောင်းပိတ်ရက်ဖြစ်ပေမဲ့လည်း စာကြည့်တိုက်သွားရမှာမလို့ အီဟန်စောစောထလိုက်သည်
"အာ..ဒီနေ့ အိမ်ကို အကိုမြောင်ဂျယ် လာမဲ့နေ့ပဲ"
မျက်နှာသစ်ပီးလို့ အိမ်အောက်ဆင်းတော့ အကိုမြောင်ဂျယ်ရောက်နေတာကြောင့် ထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်
"အကို ရောက်ပီလား စောလိုက်တာ"
"အင်း ဒီထက်နောက်ကျရင် ကားလမ်းပိတ်နေမှာစိုးလို့
စောစောလာလိုက်တာ""အီဟန်ရေ ပီးရင် အဖေ့ကို နေ့လည်စာလေးသွားပို့ပေးနော်"
"ဟုတ်ကဲ့ အမေ"
အီဟန်လည်း မနက်စာစားပီး စာကြည့်တိုက်သို့သွားရန်ဉီးတည်လိုက်သည်
ကားလမ်းပိတ်နေတာကြောင့် မြေအောက်ရထားစီးဖို့သာရွေးချယ်လိုက်ရသည်
အီဟန်ရထားစီနေတုန်း သူ့အနားမှာလာထိုင်သည့် ကြောင်နက်လေးကို လန့်သွားသည်
အပြင်ဘက်ကို ငေးနေသည့်ကြောင်နက်လေးကို စကားစလိုက်သည်
အင်း....နည်းနည်းတော့ကြောင်တောင်တောင်နိုင်ပေမဲ့ပေါ့"ကြောင်လေး နင်လည်းရထားစီးတတ်တာလား
ဘယ်ကိုသွားမလို့လဲ"
သူ့ကိုလှည့်တောင်မကြည့်တဲ့ကြောင်လေးကြောင့်
အီဟန် အင်တင်တင်ဖြစ်သွားရသည်*ဒီကြောင်မာနကြီးလိုက်တာမဖြေချင်လည်းနေပေါ့ ငါ့မှာလည်းမာနရှိတယ်ကွ*
အီဟန် ဆင်းရမဲ့ဘူတာရောက်တော့ သူထက်အရင်ပြေးသွားတဲ့မာနခဲလေး
*ဘာလဲ သူလည်းစာကြည့်တိုက်သွားမှာလား*
ကြောင်လေးကအီဟန်သွားမဲ့လမ်းနဲ့တူနေတာကြောင့် တီးတိုးရွတ်လိုက်သည်
အီဟကြောင်လေးကအီဟန်သွားမဲ့လမ်းနဲ့တူနေတာကြောင့်န်ကကြောင်ချစ်ပေမဲ့ အိမ်မှာငါး မွေးထားတဲ့အပြင် အမေရဲ့ စကားသံလှလှလေး တွေကြာင့် မမွေးလိုက်ရ
ထူးထူးဆန်းဆန်း ဒီကြောင်လေးနောက်ကို အီဟန်လိုက်နေမိသည်။ ဘေးပတ်ဝန်းကျင်ကိုတောင် သတိမထားမိဘဲလိုက်နေမိသည်မှာ အဖေ့နေ့လည်စာကိုတောင်မေ့နေခဲ့သည်။
YOU ARE READING
Whisper Of The Heart
Fanfictioninspired by Whisper Of The Heart ငါမင်းကိုသတိထားမိနေတာကြာပီ အီဟန်နီး မင်းကတော့သတိထားမိရဲ့လားတော့မသိပေမဲ့ အဲ့ချိန်ကတည်းကကိုယ်မင်းကို ချစ်ခဲ့တာ~