200 18 0
                                    

စာမေးပွဲပီးပီမလို့ အီဟန်ဘာမှလုပ်စရာမရှိတာနဲ့
ဟိုနေ့ကတွေ့ခဲ့တဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင် ကိုရောက်သွားသည်

ဆိုင်ရှေ့ရောက်တော့ ဆိုင်ကပိတ်ထားသည်မို့ ဆိုင်ရှေ့မှာမှိုင်နေတဲ့
မာနခဲကြောင်လေးဘေးမှာ ခန ဝင်ထိုင်လိုက်သည်
ကြောင်လေးကသူပွတ်သပ်ပေးတာကို နှစ်သက်လို့ထင်ပါရဲ့ ငြိမ်ငြိမ်လေးခံနေသည်

ထိုချိန်အီဟန်ရှေ့မှာစက်ဘီးကိုတိန်ခနဲရပ်လိုက်သည့် အဲဒီ‌ ကောင်းကျိုးမပေးတဲ့လူ

"ကင်မ်အီဟန် နင်ဒီမှာဘာလုပ်နေတာလဲ"

"အာ ငါလား ဒီဆိုင်ကိုလာတာ ပိတ်ထားလို့ ခနထိုင်နေတာ
ဘာလို့ဆိုင်ပိတ်ထားတာလဲ ဒီဆိုင်ကအဖိုးနေမကောင်းလို့လား"

"မဟုတ်ပါဘူး သူ့သူငယ်ချင်း‌တွေနဲ့ငါးမျှားထွက်သွားတာလေ"

"အော် ဒါဆိုနင်က ဒီမှာနေတာလား"

"ဆိုပါတော့ ဒါကငါ့အဖိုးအိမ်လေ
သူကအဲလိုပဲ ဖွင့်ရက်ထက် ပိတ်ရက်ကပိုများတယ်
နင် ဆိုင်ဝင်ကြည့်ချင်ရင်လာလေ"

"အဲလိုလုပ်လို့ရလား"

အီဟန်တို့ဆိုင်ထဲကို ဘေးလမ်းမှဝင်ရသည်
ဆိုင်ထဲရောက်တော့

"ဒီမှာမင်းကြည့်ချင်တဲ့ဟာစိတ်ကြိုက်ကြည့်လို့ရတယ်"

အီဟန်‌ကြောင်မှူးမတ်ရုပ်လေးကိုလိုက်ရှာနေသည်

*တွေ့ပီ ဒီမှာပဲ*

"ဟိုလူ မင်းဒီရုပ်အကြောင်းသိလား"

အီဟန် ကြောင်မှူးမတ်ရုပ်လေးကိုကြည့်ရင်းပြောလိုက်သည်

"ငါ့အဖိုးပြောတာ‌က ဒီကြောင်ရုပ်က သူရဲ့လက်တွဲဖော်နဲ့ ကွဲနေတာလေ အဲဒါကြောင့် လူရဲ့လက်တွဲဖော်ကိုရှာပေးမလို့ထားထားတာ
သူ့လက်တွဲဖော်နာမည်က လူဝီ  လို့ပြောတာပဲ
ပီးတော့ သူတို့ကချစ်လျက်ကွဲနေကြတာလေ
အကြောင်းအရင်းကိုတော့ငါမသိဘူး ငါ့အဖိုးကအဲလောက်ပဲပြောပြတာ"

"ဒါနဲ့ ဟိုနာရီရော"

အီဟန်လာတဲ့နေ့ကတွေ့ခဲ့နာရီမတွေ့တော့လို့ မေးလိုက်သည်

Whisper Of The Heart Where stories live. Discover now