Selfish madness Part-4

182 20 17
                                    

အတ္တကြီးတယ်ပဲပြောပြော ကိုယ်မင်းကိုမဆုံးရှုံးခြင်ဘူး။တကယ်လို့သေခြင်းတရားကသာ မင်းကို ကိုယ့်ဆီကနေ ခေါ်ထုတ်သွားမယ်ဆိုရင် တောင် ကိုယ်က သေခြင်းတရားနဲ့အပြိုင်မင်းကိုပြန်လုမယ့်ကောင်မျိုးကွာ....
================================

"မောင် သဲငယ်လေး ပြန်ရအောင်လေကွာ"

"အင်း ပြန်မယ်လေ မောင်"

"Hyung တို့ ကျွန်တော်တို့ပြန်တော့မယ်နော်"

"အင်း ဂရုစိုက်သွားအူံးနော် Jimin "

"ဟုတ်ကဲ့ ပါ Hoseokie Hyung အော မေ့တော့မလို့ Taeကိုပြောလိုက်အုံး ကျွန်တော်ပြန်သွားပီဆိုတာ သူကျွန်တော်ကို စိတ်ဆိုးနေတယ်"

"အင်း ပြောပေးမယ် စိတ်ချ"

"ဒါဆို ပြန်ပီ Hyung ရေ အားလုံး တာ့တာ"

"မောင် ပြန်ကြမယ် လာ"

"အင်း မောင် ကအဆင့်သင့်ဖြစ်နေပီ မောင်က မင့်ကိုစောင့်နေတာ"

"မင့် လည်းအဆင့်သင့်ဖြစ်နေပီ ပြန်ကြရအောင်"

Jimin နဲ့JKလည်းအိမ်ကိုပြန်လာခဲ့ကြတယ်။တလမ်းလုံးကားထဲကလေထုကအေးဆက်နေတယ်။အိမ်ပြန်ရောက်ပီ အိပ်ခန်းထဲရောက်သည်ထိပေါ့။JKကအိပ်ခန်းထဲရောက်သည်ထိဘာစကားတခွန်းမှJiminကိုပြောဆိုလာခြင်းမရှိခြေ အခန်းထဲကတိတ်ဆိတ်နေတဲ့လေထုကို Jiminကစတင်ဖိုခွဲလိုက်တယ်။

"မောင် ဘာဖြစ်နေတာလဲ တလမ်းလုံးလည်း စကားမပြောဘူး"

.......

"မောင် ဘာဖြစ်နေတာလဲလို့"

"အေးဆေးနေပါ မင့်ရယ် မောင်စိတ်ရှုပ်နေလို့"

မောင်ကဝရံတာဘက်ကိုထွက်သွားတယ်။ကုတင်ထက်မှာထိုင်နေတဲ့ညအိပ်ဝတ်စုံအဝါဝမ်းဆက်လေးနဲ့ဆိုင်သူလေးကိုဖြစ်ချင်ရာဖြစ်ဂရုမစိုက်ပဲနဲ့ထွက်သွားတယ်။ဝရံတာဘက်ထွက်ပီး မောင် က စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပီ အငွေ့တွေကိုအပြင်ဘက်သို့မှုတ်ထုတ်ပီး တခုခုကိုတွေးတောဟန်ရှိနေတယ်။မောင် စီးကရက်တလိပ်ကို ကုန်တော့ နောက် တလိပ် သောက်မယ့်ပြင်တော့ တားလာတဲ့လက်တစုံ။

"မောင် ဘာစိတ်ညစ် စရာရှိလို့ ဆေးလိပ်တွေသောက်နေတာလဲ"

"ဘာမှမရှိဘူး မင့် ဒီတိုင်းသောက်ချင်လာလို့"

Selfish madnessWhere stories live. Discover now