Part 1

682 80 10
                                    

"ဟောက်ဟောက် နိုးလာပြီလား"

"ဟင်..ရစ်ခီ မင်းကဒီကိုဘယ်လိုရောက်နေတာလဲ"

ကျန်းဟောက်ရှေ့ကရစ်ခီကကျန်းဟောက်ကားတိုက်မှုမဖြစ်ခင်ကအရွယ်ထပ် အများကြီးပိုငယ်နေသလိုပဲ။ ပြီးတော့ကားတိုက်မိတုန်းကသေချာပေါက်နာနေခဲ့ပြီး အခုကနည်းနည်းလေးမှခန္ဓာကိုယ်ကနာကျင်နေတာမျိုးမရှိတာက ထူးဆန်းလိုက်တာ။

အခန်းပတ်ပတ်လည်ကိုကြည့်လိုက်တော့လည်း ဆောင်းဟန်ဘင်းနဲ့လက်မထပ်ခင် ကျန်းဟောက်ရဲ့အရင်အိမ်လေးမှာပင်။

"ဘယ်လိုရောက်ရမှာလဲ မင်းပဲဖုန်းခေါ်ထားလို့ငါလာတာလေ"

"ငါကလား ငါကမင်းကိုခေါ်လိုက်တာလား"

"အင်းလေ  ဘာတွေဖြစ်နေတာလဲ၊မင်းဖုန်းခေါ်လို့လည်းငါကလာရသေးတယ် ရောက်လာတော့လည်းမင်းကအိပ်နေသေးတယ်..တကယ်ပါပဲ ကျန်းဟောက်ရာ အိပ်ရေးမဝသေးရင်လည်း ငါ့ကိုဘာလို့ဖုန်းဆက်ခေါ်သေးလဲ"

သူ့အရှေ့ကရစ်ခီကိုကြည့်ရင်းကျန်းဟောက်အမှန်တကယ်ဝမ်းနည်းလာရသည်။ ဆောင်းဟန်ဘင်းနဲ့ကျန်းဟောက်လက်ထပ်လိုက်တည်းက ရစ်ခီကသူ့ကိုအဆက်အသွယ်ဖြတ်လိုက်တာပင်။ ဆောင်းဟန်ဘင်းကကျန်းဟောက်ကိုမချစ်မှန်းသိလို့ ရစ်ခီကအကြိမ်ကြိမ်တားခဲ့တာ ဒါပေမဲ့ ကျန်းဟောက်ကသူ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့လူကပြောတဲ့စကားကိုတောင် နားမထောင်နိုင်လောက်တဲ့အထိ ဆောင်းဟန်ဘင်းကိုနင့်နင့်နဲနဲချစ်ခဲ့ရတာ။

"ဘာ..ဘာလဲ ဘာလို့မျက်ရည်တွေဝဲနေတာလဲ၊ ငါကမင်းကိုအပြစ်တင်နေတာမဟုတ်ဘူးလေ မင်းအိပ်ရေးမဝသေးရင်အိပ်နေဖို့ကိုပြောတာ"

"အင်း မင်းပြောချင်တာကိုငါသိပါတယ်"

"ဒါဆိုဘာလို့လဲ အိပ်မက်ဆိုးမက်လို့လား"

"အင်း ဟုတ်ပါရဲ့၊ ဒီတစ်ခေါက်မက်တဲ့အိပ်မက်ကအရမ်းကြောက်ဖို့ကောင်းတာပဲ ရစ်ခီ"

"ကျန်းဟောက်ရာ ကလေးလည်းမဟုတ်တော့ပဲ အိပ်မက်ဆိုးကြောင့်ဝမ်းနည်းရတယ်လို့"

"အိပ်မက်ထဲမှာမင်းကငါ့ကိုမခေါ်တော့တာလေ ရှန်သခင်လေးရဲ့"

STAY WITH ME!Where stories live. Discover now