Part 2

652 77 4
                                    


"ဟန်ဘင်းအိုပါး ဒီစာလေးလက်ခံပေးပါ"

"ဗျာ? ကျွန်တော့်ကိုပေးတာလား"

"ဟုတ်"

ဆောင်းဟန်ဘင်းကတော့ဆောင်းဟန်ဘင်းပါပဲ။ အခုထိကျောင်းသားတွေကြားထဲမှာနာမည်ကြီးနေဆဲပင်။ ဒီလိုလူမျိုးကိုအပိုင်လိုချင်မိတဲ့ကျန်းဟောက်ကပဲလောဘကြီးခဲ့သလိုခံစားလိုက်ရသည်။

သူရပ်ကြည့်နေတာကိုမြင်သွားတဲ့ ဆောင်းဟန်ဘင်းက "ဟာအိုဟျောင်း ကျွန်တော့်ဆီလာတာလား"

"မဟုတ်ဘူး ယူဂျင်းနီးဆီသွားမလို့"

ဆောင်းဟန်ဘင်းကိုဖြေပြီး ကျန်းဟောက်ချက်ချင်းလှည့်ထွက်လာလိုက်တယ်။ ဘယ်လိုပဲရှောင်နေပါစေ..တစ်ကျောင်းတည်းတက်နေကြတဲ့သူတို့နှစ်ယောက်က မကြာခဏတွေ့နေကြဦးမှာပါပဲ။

အမြဲတမ်းရှောင်နေလို့မရနိုင်ရင်တောင် မင်းကိုမေ့ဖို့အတွက်တော့ ငါ့မှာလည်းအချိန်လိုတယ် ဆောင်းဟန်ဘင်း။

"ယူဂျင်းနီး"

"ဟျောင်း တစ်ယောက်တည်းလား..ရစ်ခီဟျောင်းရော"

"ရစ်ခီကဒီနေ့ကျောင်းမလာဘူးလေ ဟျောင်းလည်းပျင်းလို့ယူဂျင်းနီးဆီပဲလာလိုက်တာ"

သူငယ်ချင်းအများကြီးမရှိတဲ့ဟာအိုဟျောင်းက တစ်ခုခုဆိုယူဂျင်းတို့ဆီပဲလာလည်တတ်သည်။

"ဒါနဲ့ ဟျောင်းတို့ရန်ဖြစ်ထားတာလား"

"ဟျောင်းကလား ဘယ်သူနဲ့ရန်ဖြစ်ရမှာလဲ"

"ဟန်ဘင်းဟျောင်းနဲ့လေ အခုတစ်လောဟျောင်းတို့ကြည့်ရတာအဆင်မပြေကြဘူးထင်လို့"

"အဆင်မပြေဘူးလို့တော့မဟုတ်ပါဘူး ဒီတိုင်းပါပဲ သူ့ဘက်ကဟျောင်းကိုသဘောမကျဘူးထင်လို့ ဟျောင်းလည်းအတတ်နိုင်ဆုံးရှောင်ပေးနေတာပါ"

အခုအချိန်ထိဆောင်းဟန်ဘင်းဘက်ကကျန်းဟောက်ဒုက္ခရောက်စေမဲ့အရာတစ်ခုမှမလုပ်ခဲ့ဖူးဘူးလေ။ အရင်ဘဝတုန်းကဆောင်းဟန်ဘင်းကဒီလိုတွေပြုမှုခဲ့ပါတယ်ဆိုပြီးလည်း ကျန်းဟောက်ကပြောလို့မှမရတာ။ ဒါကြောင့်အဆင်ပြေမဲ့စကားကိုပဲရွေးပြောလိုက်ရသည်။

STAY WITH ME!Where stories live. Discover now