"မက်သရူးရား ဘယ်မှာနေမှာလဲ၊နေစရာရှာပြီးပြီလား""ဟျောင်းအိမ်ကို လိုက်နေမှာလေ"
"အိမ်ပိုင်ရှင်ကိုအရင်မေးပါဦး ဟျောင်းကလက်မခံရင်မင်းကဘယ်သွားနေမှာလဲ"
"ဟျောင်းက ဒီညီလေးတစ်ယောက်တည်းရှိတာကိုရက်စက်နိုင်တယ်ဆိုတော့လည်းရပါတယ်ဗျာ"
အကြီးအကျယ်စိတ်ထိခိုက်ပြနေတဲ့မက်သရူးကြောင့် ဟန်ဘင်းလည်းရယ်မိသွားသည်။
"ဟာအိုဟျောင်း.."
"ဟျောင်း ဘာပြောလိုက်တာလဲ"
"အာညီး ဟျောင်းအသိတစ်ယောက်ကိုမြင်လိုက်တယ်ထင်လို့"
အဝေးကနေမြင်လိုက်ရတဲ့ပုံရိပ်လေးက ဟာအိုဟျောင်းဆိုတာ မေးနေစရာပင်မလိုလောက်အောင်ဟန်ဘင်းအတွက်သေချာနေခဲ့သည်။
...................................."ယူဂျင်းနား....အာညော်န် ဟာအိုဟျောင်း"
"ဟန်ဘင်းဟျောင်း ဒီနေ့အတန်းချိန်မရှိဘူးလား"
"အင်း ဟျောင်းအိမ်မှာအလုပ်နည်းနည်းရှုပ်နေလို့"
ယူဂျင်းနဲ့အတူတူထိုင်နေတဲ့ ဟာအိုဟျောင်းကိုမြင်လို့ ဟန်ဘင်းကသွားနှုတ်ဆက်သော်လည်း ဟာအိုဟျောင်းကတော့သူ့ကိုတစ်ချက်ပဲကြည့်ပြီး ထပ်ပြီးအာရုံစိုက်မလာတော့...။
"ယူဂျင်းနား ဟျောင်း..ဟာအိုဟျောင်းနဲ့နှစ်ယောက်တည်းစကားခဏပြောလို့ရမလား"
"ဟုတ် ရပါတယ် ဟျောင်း"
ယူဂျင်းကအလိုက်တသိ နေရာမှရှောင်ထွက်ပေးတော့ ဟန်ဘင်းလည်းဟာအိုဟျောင်းဘေးသို့ ဝင်ထိုင်လိုက်သည်။
"ဟျောင်း"
"...."
"ကျွန်တော့်ကို စိတ်ဆိုးနေတာလား"
"ငါက ဆောင်းဟန်ဘင်းကိုဘာလို့စိတ်ဆိုးရမှာလဲ၊ ဆောင်းဟန်ဘင်းကတစ်ခုခုလုပ်ထားလို့လား"
ဟန်ဘင်းအနေနဲ့ရယ်ချင်မိသွားသည်။ ထိုဟျောင်းစိတ်ဆိုးနေတယ်ဆိုတာအသေအချာပင်။
"ကျွန်တော်ကတော့မလုပ်ထားပါဘူး ဒါပေမဲ့ ဟျောင်းကစိတ်ဆိုးနေတာမျိုးများရှိမလားလို့လေ"
YOU ARE READING
STAY WITH ME!
Fanfiction"အိုက်ယား သူကငါသိတဲ့ဆောင်းဟန်ဘင်းနဲ့နည်းနည်းလေးမှတူမနေဘူး" Binhao -21/10/2023