[Part 2] မှော်လောကကို ပထမဦးဆုံး အခြေခ‌ျခြင်း

172 20 0
                                    

Unicode

"ကျောင်းသားအားလုံး ယူဆောင်လာရမှာက ခဲသံဖြူ အရော ဆေးကျိုအိုး စံပြုအရွယ်အစား အမှတ်၂၊ ဆန္ဒရှိမယ် ဆိုရင် ဇီးကွက်၊ ကြောင်၊ ဖား တစ်ကောင်‌ကောင် ခေါ်လာလို့ရပါတယ်"

ရီနာက စာရွက်ထဲတွင် ပါသည့် အကြောင်းအရာများကို ဖတ်ပြလိုက်သည်။

"ဒါပေမယ့် ဟက်ဂရစ်၊ ဒါတွေ အားလုံး လန်ဒန်မှာ ရှာလို့ရော ရပါ့မလား"

"၀ယ်လို့ ရတယ့် တစ်နေရာရာတော့ ရှိပါတယ်၊ ဘယ်ကို သွားရမလဲ သိရင်ပေါ့"

ဟက်ဂရစ်က ပြုံးရင်း ပြောလိုက်သည်။

ခဏကြာတော့ ဟယ်ဂရစ် လန်ဒန်မြို့က ဘားတစ်ခုရှေ့မှာ ရပ်နေကြသည်။

{ဒါ ခွက်စုတ်ဘား မလား Fox}

[ဟုတ်တယ် Host, ဒါ ခွက်စုတ်ဘားပဲ၊ မှော်လောကကို ဝင်ရောက်နိုင်မယ့် လမ်းတွေထဲက တစ်ခု ဆိုလဲ မမှားဘူး]

{ဟုတ်ပြီ}

ရီနာ Fox နှင့် ပြောရင်း လျှောကျနေသည့် အင်္ကျီ ကို ပင့်တင်လိုက်သည်။

"ကလေးတို့ မကြောက်ကြနဲ့၊ အထဲ၀င်ကြရအောင်"

ဟက်ဂရစ်က ပြောပြီး ထိပ်ဆုံးက ၀င်သွားသည်။ ဟယ်ရီလည်း ရီနာ့လက်ကို ဆွဲပြီး ဟက်ဂရစ်နောက်ကလိုက် ခဲ့သည်။

ဘားထဲတွင် နံရံ အချို့က ပျက်စီးနေပီး မျက်နှာကြက်‌ထံမှ အလင်းရောင် တချို့ ဆိုင်ထဲသို့ ကျရောက်နေသည်။မှော်ဆရာ ဆရာမများ တစ်ချို့ ရှိနေပါ ရှိနေပြီး စားပွဲများတွင်လည်း အစားအစာများဖြင့် ပြည့်နှက်‌ေနသည်။ ထိုအထဲမှ ပြင်သစ် မှော်ဆရာမများနှင့် အချို့သော လူမျိုးများလည်း ပါ၀င်နေသည်။

"Bonjour"
(Hello)

"Salut"
(Hi)

ရီနာ ဘာသာစကားပေါင်း မျိုးစုံကို စိတ်၀င်တစား ‌နားထောင်နေသည်။

"Hola, ¿Qué encontraste especial en el periódico Wizarding?"
(Hello,What did you find special in the Wizarding newspaper?)

"No veo nada especial"
(I don't see anything special)

ရီနာ ထို စကားဝိုင်းတစ်ခုလုံးကို တိတ်ဆိတ်စွာ နားထောင်နေသည်။ အဲတာကို မြင်သည့် ဟယ်ရီက နားမလည်စွာ ထိုလူတို့၏ စကားဝိုင်းကို နားထောင်နေသည်။

New PotterNơi câu chuyện tồn tại. Hãy khám phá bây giờ