Unicode
ဆေးနံ့တွေနဲ့ ပြည့်နှက်နေတဲ့ အဆောက်အအုံကြီးတခုထဲမှ အခန်းတခန်း။ ထိုအခန်းထဲတွင် ဆေးကိရိယာမျိုးစုံဖြင့် အသက်ဆက်ရှင်ရန် ကုသခံထားရသည့် အရိပ်လေးတခုက ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူမ၏ ဘေးတွင်တော့ သူမ၏ မိဘနှစ်ပါးက ၀မ်းနည်းစွာ ကြည့်နေပြီး အမေဖြစ်တဲ့သူမှာ တအင့်အင့်ရှိုက်ငိုနေလေသည်။
သူမ၏ ညာဘက်ခြမ်းမှာတော့ သူမလက်ကို ဆုပ်ကိုင်ကာ မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေသည့် မိန်းမငယ်လေးတဦး။ ကံကောင်းစွာဖြင့် လေယာဉ်ပျက်ကျမှုမှာ သူမတယောက်ထဲသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး လက်လျှော့လုနီးနီးဖြစ်နေချိန်မှာ သူမ၏ မိသားစုကို မျှော်လင့်ချက်ရောင်ခြည်သန်းစေသည်။
သို့သော် သူမကို နှစ်လကြာမှ ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး မည်သို့ အသက်ရှင်နေသည်ကို မည်သူမှ မသိနိုင်ချေ။ ဆရာ၀န်တွေကတော့ ကိုမာ ၀င်သွားသည်ဟု ပြောပြီး ပြန်နှိုးလာချေကတော့ အတိအကျမရှိဘူးဟု ပြောသွားလေသည်။ သူမ၏ ကုသိုလ်ကံကြောင့် မသေခဲ့ပေမယ့် ဒီလို ဖြူေဖျာ့စွာဖြင့် လဲေလျာင်းနေတာကို ကြည့်ရတာ ကီရာ့အတွက် ငရဲကျသလိုပင်။
"ဟင့်...ကျွန်မ သမီးလေး..."
"အချစ်ရယ်...ကိုယ်တို့ သမီးလေးက ပြန်နှိုးမလာတာမှ မဟုတ်တာ၊ ကိုယ်တို့မှာ အခွင့်အရေးရှိသေးတယ်လေ..သမီး ဂျူလီကသေချာပေါက် ပြန်ခုခံပြီး ကိုယ်တို့စီ ပြန်လာခဲ့မှာ.."
"အဲတာ ကျွန်မအမှား...ဟင့်...ကျွန်မသာ တားခဲ့ရင် သမီးလေးက ဘာမှဖြစ်မှာမဟုတ်ဘူး၊ ကျွန်မ အမှားပါ...."
"မဟုတ်တာ မိန်းမရယ်၊ ကံစီမံရာ အတိုင်းပေါ့....မင်းအမှားမဟုတ်ပါဘူး"
မစ္စတာ ရှန်နွန်မှာ ပြောသာ ပြောနေရတာ မျက်နှာ မကောင်းလှ၊ ငယ်ငယ်လေးကတည်းက တယုတယနှင့် ပြုစုပျိုးထောင်လာခဲ့တယ့် တဦးတည်းသော သမီးလေးကို ဘယ်လောက်ချစ်လဲ သူကိုယ်တိုင်သာ သိပေလိမ့်မည်။ လောကမှာ ဖခင်တယောက်ရဲ့ မေတ္တာကလဲ နှိုင်းယှဉ်လို့ မရသည့် အရာတခုပင် မဟုတ်ပါလား..။
BẠN ĐANG ĐỌC
New Potter
Fanfiction"ကံကြမ္မာကပဲ အဲဒီကမ္ဘာေလးကို ပို့ခဲ့ပြီး ငါ့ကို အဲဒီ ကမ္ဘာငယ်လေးထဲက ထပ်ပြီး ဆွဲမထုတ်သွားပါနဲ့တော့လား။ သံယောဇဉ် ဆိုတဲ့ ဒဏ်က ဖျောက်ဖျက်ရ ခက်လွန်းတယ်။ ငါ့အပေါ် မရက်စက်ပါနဲ့တော့ ကံကြမ္မာရယ်။ ငါ အိမ်မပြန်ချင်တော့ဘူး။ အဲဒီ ကမ္ဘာငယ်လေးက ငါ့အိမ်ပဲ" ကျကျန...