Unicode
ဒရေဂို ဆေးပေးခန်းက ဆင်းလို့မရသေးသဖြင့် တစ်ယောက်ထဲ ပျင်းရိစွာ စာအုပ်ဖတ်နေတုန်း ရီနာ့ကို သယ်လာသည့် ပေါ်တာနှင့် ဂရင်းဖင်းဒေါ ကစားသမား တချို့ကို တွေ့လိုက်ရသည်။ ပေါ်တာက ရီနာ့ကို သူနဲ့ ဆန့်ကျင်ဖက် ကုတင်ပေါ်မှာ တင်လိုက်ပြီး ရီနာက သတိလစ်နေပုံ။ ကွင်းဒစ်ရှ်ကစားပွဲမှာ ဘာတွေဖြစ်ခဲ့သလဲ..။
ဒရေဂို စာအုပ်ကို ချရင်း လဲနေရာမှ ထိုင်လိုက်သည်။
"ရီနာ ဘာဖြစ်လာတာလဲ"
"မင်းနဲ့ မဆိုင်ဘူး မက်ဖွိုင်း"
ဘောက်ဆက်ဆက် ပြောလာသည့် ရွန်ကြောင့် ဒရေဂို မျက်မှောင်ကြုတ်လိုက်သည်။
"မင်းကို မမေးဘူး ဝေစလေပျားကောင်!"
"မင်း!!"
"ကဲ တော်ကြပါတော့!! ရီနာ့ကို အားနာအုန်း!"
ဟာမွန်နီ အော်လိုက်မှ နှစ်ယောက်သား မကျေမချမ်းကြည့်၍ ရွန်က ရီနာ့ကို ကြည့်လိုက်သည်။
ခဏကြာတော့ မဒမ် ပွန်ဖရေး ရောက်လာပြီး ရီနာ မူးလဲသည်ဟု ခန့်မှန်း၍ပြောပြီး ဒီညတော့ ဆေးပေးခန်းတွင် နေရန် ပြောလေသည်။ အားလုံးက သက်ပြင်းချနေပေမယ့် ဒရေဂိုကတော့ ဆေးပေးခန်းမှာ သူတစ်ယောက်ထဲ နေရာတော့မည် မဟုတ်၍ ကြိတ်ပျော်နေလေသည်။
အချိန်တစ်နာရီလောက် ကုန်တော့ အချို့က လုပ်စရာတွေ ရှိသေး၍ ထွက်သွားကြရာ တစ်စတစ်စနှင့် ဟယ်ရီတို့ သုံးယောက်နှင့် ဒရေဂိုသာ ကျန်ရှိနေတော့သည်။ ဒရေဂိုကတော့ ရွန့်ကို အမြင်ကတ်၍ ရီနာ့ဖက် မကြည့်ချင်ယောင်ဆောင်ပြီး စာဖတ်နေပေမယ့် တစ်စတစ်စ ခိုးကြည့်နေလေသည်။
"မက်ဖွိုင်း..နင့်စာအုပ်က ပြောင်းပြန်ကြီး"
"ဟမ်.."
ဟာမွန်နီက သူ့ကို စိတ်ပျက်စွာ ကြည့်ပြီး ပြောတော့ ဒရေဂို မျက်နှာ အနည်းငယ် နီရဲလာပေမယ့် ခပ်တည်တည်နှင့် စာအုပ်အား အတည့်ပြန်ထောင်လိုက်ပြီး စာဆက်ဖတ်နေလေသည်။
"ရီနာ့ တံမြက်စည်း ကျိန်စာတိုက်တာ စနိပ်ပဲ ဟယ်ရီ.."
"ဟုတ်တယ် စနိပ်လုပ်တာ ငါနဲ့ ရွန် သေချာပေါက်မြင်လိုက်တယ်"
BẠN ĐANG ĐỌC
New Potter
Fanfiction"ကံကြမ္မာကပဲ အဲဒီကမ္ဘာေလးကို ပို့ခဲ့ပြီး ငါ့ကို အဲဒီ ကမ္ဘာငယ်လေးထဲက ထပ်ပြီး ဆွဲမထုတ်သွားပါနဲ့တော့လား။ သံယောဇဉ် ဆိုတဲ့ ဒဏ်က ဖျောက်ဖျက်ရ ခက်လွန်းတယ်။ ငါ့အပေါ် မရက်စက်ပါနဲ့တော့ ကံကြမ္မာရယ်။ ငါ အိမ်မပြန်ချင်တော့ဘူး။ အဲဒီ ကမ္ဘာငယ်လေးက ငါ့အိမ်ပဲ" ကျကျန...