၃ရက်မြောက်နေ့ထိ ရစ်ခီ နိုးမလာခဲ့ဘူး
ရစ်ခီ့အဖေက တခြားနိုင်ငံတွေထိ
အလှူရှင်ရှာနေခဲ့ပေမဲ့လည်း အကြောင်းထူးမလာခဲ့
ဂွန်းဝုလဲ ရနိုင်သမျှအားနဲ့ အလှူရှင်ရှာနေခဲ့တယ်
အကြောင်းမပြန်ကြပေမဲ့ပေါ့..." မင်းဆက်သွယ်ချင်ရင် ဆက်သွယ်လိုက်ပါ
ဦးတို့ မင်းဆုံးဖြတ်ချက်ကို ဘာမှမစွက်ဖက်ပါဘူး "ဆေးရုံဘက်ကို စာတစ်စောင်ရောက်ခဲ့တယ်
ရိုးတွင်းခြင်ဆီအလှူရှင်ရှာနေတာအတွက်
ဆက်သွယ်လာခဲ့တာပါဆိုပြီး အစချီတဲ့စာတစ်စောင်ပါမောက္ခကင်မ်က ချက်ချင်းပဲ စာပို့တဲ့သူဆီ
ပြန်ဆက်သွယ်ပြီး ဆေးရုံကိုလာခဲ့နိုင်မလားလို့
ဖိတ်ခဲ့တယ်
သိပ်မကြာခင်မှာပဲ ပါမောက္ခကင်မ်ရဲ့ရုံးခန်းထဲကို
လူငယ်လေးတစ်ယောက်ရောက်လာခဲ့တယ်" ဆက်သွယ်ထားတဲ့ လူလေးလား ? "
" ဟုတ်ပါတယ် "
" ထိုင်ပါ သား "
" ရိုးတွင်းခြင်ဆီအလှူရှင် ရှာနေတယ်ဆိုတာ
လှူပေးဖို့ ရောက်လာတာပါ "" ဆရာတို့ဘက်က အရင်ဆုံး
အများကြီးကျေးဇူးတင်ပါတယ်
ဆရာတို့မေးတာတွေ ဖြေပေးနိုင်မယ်မလား "" ဟုတ်ကဲ့ ဖြေပေးပါ့မယ် "
" သား အသက်နာမည်နဲ့ မိသားစုဝင်တွေကရော
လက်ခံ မခံ အရင်ဆုံးပြောပေးပါအုံး "" ကင်မ်ဂျီအုံးလို့ခေါ်ပါတယ် 25နှစ်ထဲမှာပါ
မိသားစုဝင်တွေကလဲ လက်ခံပါတယ်
အခုအချိန်ထိ ခွဲစိတ်ဖူးတာ ရောဂါတစ်ခုခု နာတာရှည်
ရောဂါမျိုးလဲ တစ်ခုမှ မရှိပါဘူး "" လက်ခံမဲ့သူနဲ့ရော လူလေးက အသိမိတ်ဆွေတွေလား "
" ကျွန်တော်တန်ဖိုးအထားရဆုံး ညီလေးတစ်ယောက်ကို သူက ကယ်ပေးခဲ့ဖူးတာပါ ငယ်ငယ်တုန်းကပေါ့... "
" တကယ်လို့ လက်ခံသူမိသားစုက လူလေးရဲ့
အကြောင်းတချို့ကိုမေးရင်ရော ဖုံးကွယ်ထားချင်လား "" ကျွန်တော့်အချက်အလက်တွေတော့
ပြောပြပေးလို့ရပေမဲ့ လူချင်းတော့မတွေ့ပါဘူးဆရာ
အဲ့အစား သူ သတိရလာတဲ့အခါကျမှ
သူနဲ့တွေ့ချင်ပါတယ် "
YOU ARE READING
You don't love me, right?
Fanfic" ငါ့နေရာရော မင်းတွေးကြည့်ဖူးလား ဟမ် မင်းနဲ့ လမ်းမခွဲဘူး ရှင်းမ်ရစ်ခီ ငါပြောပြီးသား " Gyuvin " မတောင်းပန်နဲ့ကိုကို ... ငါတောင်းပန်ခံချင်လို့ ပြောတဲ့စကားတွေမဟုတ်ဘူး ငါကိုကို့ကိုပြောခဲ့ပါတယ် ငါ့ဘဝထဲ မခေါ်ချင်ဘူး ကိုကိုက ပိုနာကျင်ရတဲ့သူဖြစ်မှာစိုးလ...