1

791 46 9
                                    

'ကျွန်တော်တို့ လေကြောင်းလိုင်းနဲ့ အတူ လိုက်ပါ စီးနင်းပေးတဲ့အတွက် အထူးဝမ်းသာရပါတယ်။ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စရာ ခရီးစဉ် ဖြစ်ပါစေ။'

လေယာဉ်မှူး ဆုတောင်းပေးသလို ပျော်စရာ ခရီးစဉ် ဖြစ်ပါစေ မျှော်လင့်ရင်း ကျွန်တော် ဒီမြေပေါ်ကို ခြေချခဲ့တော့တယ်။

အင်ချွန်းလေဆိပ်။

‌ရင်းနှီးနေတဲ့ လေထုက ကျွန်တော့်ကို ကြိုဆိုနေသလို ခံစားနေရတာ။ သူ ဘာကြောင့် ဒီမြေကို ရောက်လာခဲ့တာလဲ။ တရုတ်ပြည်မှာ အခြေကျနေတဲ့ သူ့ တယောဆရာ ဘဝကို ပစ်ပြီး ဘာလို့များ ဒီနိုင်ငံကို လာခဲ့တာလဲ။

အဖြေကတော့ ညတိုင်း မက်နေတဲ့ အိပ်မက်ထဲက တူရိယာ တစ်ခုရဲ့ အသံ။ အဲ့တူရိယာရဲ့ တီးခတ်သံ စည်းချက်နဲ့ အလိုက် ကခုန်နေတဲ့ လူတစ်ယောက်။

ထိုလူ့ မျက်နှာကို မြင်ရအောင် ကြိုးစားတိုင်း အိပ်မက်က လန့်နိုးနေကျ။ အိပ်မက်ကို မေ့ပစ်ဖို့ ကြိုးစားပြန်ရင်လဲ အဲ့အိပ်မက် ထပ်မက်တဲ့အချိန် လက်ရှိမှာ ဖြစ်နေသလိုကို ခံစားရတာ။ အဲ့အိပ်မက်က နိုးလာတိုင်း တောင့်တမှု၊ လွမ်းဆွတ်မှုကို အမြဲ ခံစားရတယ်။

အိပ်မက်ထဲက လူရဲ့ မျက်နှာကို မမြင်ရပေမဲ့ အဝတ်အစားပုံစံအရ ကိုရီးယား နန်းတွင်းခေတ်က လူဆိုတာ သိသာစေတယ်။ နောက်ခံ ရှုခင်းတွေ၊ အိမ်ပုံစံ တည်ဆောက်ပုံတွေ .. ကိုရီးယားနိုင်ငံရဲ့ နန်းတွင်းတနေရာဆိုတာကိုတော့ ကျွန်တော် သေချာ တပ်အပ်ပြောနိုင်တယ်။

ပြီးတော့ အိပ်မက်ထဲက ကျွန်တော် တီးခတ်နေတဲ့ တူရိယာ။ ကိုရီးယားတူရိယာ တစ်မျိုးဖြစ်တဲ့ ဂါယာဂင်မ်။

ဒီအချက်တွေကြောင့်ပဲ အိပ်မက်နောက်ကို လိုက်ဖို့ ကျွန်တော် ဒီမြေကို ရောက်လာတော့တာပါပဲ။

"ဟယ်လို မား"

'သားလေး ~ ရောက်ပြီလား အဆင်ပြေရဲ့လား'

"ဟုတ် ပြေပါတယ် လောလောဆယ်တော့ ကျွန်တော် ဟိုတယ် ငှားနေနေတယ်"

'အိမ်ငှားဖို့ရော လိုက်ကြည့်ပြီးပြီလား အဆင်မပြေရင် ပြောနော်'

Scarlet ScenarioWhere stories live. Discover now