5

185 34 6
                                    

ဒီနေ့အတွက်လည်း မတူညီတဲ့ အိပ်မက်နဲ့ နိုးထလာရပြန်ပြီ။ ဒါပေမဲ့ သူ့အတွက် ထူးခြားနေတာက အိပ်မက်တွေက ပိုပြီး အသက်ဝင်လာပြီး အသေးစိတ်ကျလာတာ။

အိပ်မက်တွေကို အသေးစိတ်ကျကျ မှတ်မိလာပေမဲ့ အခုချိန်ထိ မထင်ရှားလာသေးတာက ထိုသူနဲ့ မျက်နှာနဲ့ အသံ။

ဘာလို့လဲ။ ဟိုနေ့က သူ ကြားခဲ့ရတဲ့ ဂါယာဂင်မ်အသံကြောင့်‌လား။ ဒါပေမဲ့ သူ အဲ့လူကို ဘယ်လို ရှာရမှာလဲ။ အခုတောင် ကောက်ရိုးပုံကြား အပ်ပျောက်ရှာသလို ဖြစ်နေတာလေ။

အသံလေး ကြားလိုက်တုန်းက မျှော်လင့်ချက် အလင်းတန်းလေး မြင်လိုက်ရသလို ဆိုပေမဲ့ အခုကျတော့လဲ သူ လမ်းပျောက်နေပြန်ပြီ။

အလိုမကျသလို သက်ပြင်းသာ ချလိုက်မိရင်း အတန်းသင်ဖို့အတွက်ပဲ အိပ်ရာက ထ ပြင်ဆင်ပြီး ထွက်လာခဲ့လိုက်တော့တယ်။

ဒီနေ့အတွက်တော့ သူ့အတွက် အတန်း များများစားစား သင်စရာ ရှိမနေ။ နှစ်ချိန်လောက် သင်ပြီးတာနဲ့ သူ့အတွက် အားလပ်ချိန် ရပြီမို့ ဒီနေ့တော့ စိတ်ပြေလက်ပျောက် ဟန်မြစ်ဘက်ကို လမ်းလျှောက်ထွက်ဖို့ကိုပဲ ဆုံးဖြတ်လိုက်တော့တယ်။

အတန်းချိန် နှစ်ချိန်လုံးကို သူ သင်ပြပြီးတာနဲ့ ကျောင်းမှာပဲ နေ့လည်စာ စားခဲ့လိုက်ကာ မရောက်တာ ကြာပြီဖြစ်တဲ့ ဟန်မြစ်ကမ်းဆီ သူ ရထားစီးကာ ထွက်လာခဲ့လိုက်တယ်။

ဒီဘက်ကို ခြေဦးမလှည့်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ အရင်ကဆို သူငယ်ချင်းတွေနဲ့ ကန်ဘောင်မှာ အရက်သောက်၊ ခေါက်ဆွဲပြုတ်စားနဲ့ ပျော်ပါးခဲ့ကြတာ ဆိုပေမဲ့ အခုချိန်မှာတော့ အလုပ်ခွင်ထဲ အံဝင်ဂွင်ကျအောင် နေနေရတာမို့ သူတို့အချင်းချင်း အချိန်ဖြုန်းဖို့ အချိန်ပို ထွက်မလာသေး။

မြစ်ကမ်းနားက ကန်ဘောင်ဘေးမှာ ထိုင်ရင်း busking လုပ်နေကြတာတွေကို ထိုင်ကြည့်ပြီး အချိန်ဖြုန်းနေလိုက်မိပြန်တယ်။

သီချင်းလေးတွေ ဆိုပြလိုက်၊ တူရိယာတွေ ဖျော်ဖြေလိုက်၊ ကပြ ဖျော်ဖြေလိုက်နဲ့ ကြည့်နေမိတာ ညနေစောင်းတဲ့ အချိန်ထိ။

Scarlet ScenarioWhere stories live. Discover now