စနေနေ့။
ဟာအိုတစ်ယောက် ဒီနေ့ ဟန်ဘင်းကို တယောဝယ်ပေးဖို့ ချိန်းထားတာမို့ အိမ်ကနေ စောစောထွက်လာခဲ့လိုက်တယ်။
တယောဝယ်ဖို့ နေရာကို ဟန်ဘင်းကပဲ ရှာပြီး ပို့ပေးထားတာမို့ ဟာအိုလဲ အဲ့နေရာကိုပဲ အရင် လာခဲ့တာပါ။
ဟန်ဘင်းနဲ့ တွေ့ရတာ တကယ်တော့ ထူးဆန်းသား။ သူ အပျော်တမ်း တယောလေး ခဏ ဝင်တီးလိုက်တာကို ဒီကောင်လေးက ရုတ်တရက်ကြီး လာမိတ်ဆက်သွားတာလေ။
ကောင်လေးက တူရိယာတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ရှိတဲ့ပုံ။ အတန်းချိန်တွေကို သူ ညှိပေးတော့လည်း စိတ်ဝင်တစားနဲ့ကို ဖြေပေးနေတာ။
တယောနဲ့ ပတ်သက်ပြီး တကယ့်ကို သင်ယူချင်စိတ် ရှိတယ် ထင်ပါတယ်။
ဆိုင်တန်းတွေကို မဝင်ခင် လမ်းအဝမှာ သူ ရပ်စောင့်နေတုန်း သူ့နောက်က ကြားလိုက်ရတဲ့ အသံ။
"ဟာအိုဟျောင်း"
ဟုတ်ပါတယ်။ ညက အတန်းချိန်တွေ ပြောရင်း ထပ်မိတ်ဆက်ဖြစ်တော့ သူ့အသက်က ကောင်လေးထက် ၁ နှစ်တောင် ပြည့်တောင် မကြီးပေမဲ့ ဘာပဲဖြစ်ဖြစ် အသက်ပိုကြီးတာမို့ ကောင်လေးက သူ့ကို ဟျောင်းလို့ ခေါ်မယ် ဆိုပြီး စပြောလာတာပါ။
"အွန်း ~ ရောက်ပြီလား"
"ဟုတ်။ သွားကြမယ်လေ ကျွန်တော်က တီးသာ တီးတတ်ချင်တာ တယောကောင်းကောင်း ဘယ်လို ရွေးရမယ် မသိလို့"
"ရပါတယ်။ ဟျောင်း သေချာ ရွေးပေးပါ့မယ်"
"ဒါနဲ့ ဟျောင်း နေ့လည်စာ စားပြီးပြီလားဟင်"
"အွန်း အိမ်ကနေ စားလာခဲ့တယ် မင်းရော"
"ဟုတ်။ ကျွန်တော်လဲ နည်းနည်းတော့ စားလာပါတယ်"
စကားတပြောပြောနဲ့ သူတို့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကြည့်နေပေမဲ့ ဟာအိုအတွက် သဘောကျစရာ ကောင်းလောက်အောင် အသံထွက် ကောင်းတဲ့ တယောမျိုး ရှာမတွေ့။
နောက်ဆုံး ကျန်တဲ့ ဆိုင်အကြီးကြီးထဲကို ဟန်ဘင်းနဲ့ အတူတူ ဝင်လာလိုက်ကာ တစ်ခုချင်းစီရဲ့ ကြိုးတွေကို လိုက်ထိကြည့်ရင်း အသံထွက်ကို စမ်းနေပေမဲ့ သူ သဘောတွေ့မနေ။
YOU ARE READING
Scarlet Scenario
Fanfiction"A dance that goes well with one instrument's sound, A heart that longing for one's warmest hug" Sung Hanbin x Zhang Hao