2

253 37 7
                                    

ဂါယာဂင်မ်ရဲ့ ငြိမ့်ညောင်းလှတဲ့ သံစဉ်က ညလေထုမှာ လွင့်ပျံနေပြီး ထိုသံစဉ် စီးချက်အလိုက် ကခုန်နေတဲ့ လူငယ်တစ်ဦး။

ထိုလူငယ်ရဲ့ အက အလှက ဂါယာဂင်မ် သံစဉ်မှာ စီးမျောနေတာက လိုက်ဖက်ညီမှု အပြည့်။

'အရှင်နဲ့ အမြဲ ဒီလို အတူရှိ‌နေချင်တယ်'

'မဖြစ်နိုင်ဘူး hanbin..'

"မဟုတ်ဘူး"

အိပ်မက်ကနေ နိုးထလာရတိုင်း မျက်ရည်အပြည့်။ ဇောချွေးတွေပြန်ပြီး အသက်ရှုမဝ ဖြစ်ကာ ဒီအိပ်မက်တွေကနေပဲ သူ ပြန်နိုးထလာရပြန်ပြီ။

ဖြစ်နိုင်မယ်ဆိုရင် သူ ဒီအိပ်မက်တွေကို ထပ်မမက်ချင်တော့။ ဒါပေမဲ့ စွန့်လွှတ်နိုင်လား မေးပြန်ရင်လဲ သူ တွန့်ဆုတ်နေမိပြန်တာ။ ဘာကြောင့်လဲ မေးလာရင်တော့ ထိုအိပ်မက်ရဲ့ အတွင်းထဲမှာ ကိန်းအောင်းနေတဲ့ နွေးထွေးမှု။ ထိုနွေးထွေးမှုတွေရဲ့ ဇစ်မြစ်က ဂါယာဂင်မ်ပိုင်ရှင်။ သူ့အတွက်ပဲ ပေးနေတယ်လို့ ခံစားရတဲ့ ထိုနွေးထွေးမှုကို သူ လက်မလွှတ်ချင်ပါ။

ပြတင်းအပြင်ကို ကြည့်မိတော့ မိုးလင်းနေပြီမို့ နာရီကြည့်မိချိန် ကျောင်းသွားရမဲ့အချိန် နီးကပ်နေပြီမို့ အိပ်ရာကနေ ထလိုက်ကာ ပြင်ဆင်ပြီး ကျောင်းဆီကိုပဲ ထွက်လာလိုက်တော့တယ်။

ဒီနေ့အတွက် ကောင်းကင်နဲ့ လေထုက သူ့ကို ထူးထူးခြားခြား ဆီးကြိုနေတာမျိုး ခံစားလိုက်ရတာမို့ သူ တစ်ချက် ပြုံးလိုက်မိတော့တာ။

ဘာတွေများ ထူးခြားမှာမို့လဲ သာမန်နေ့တစ်နေ့ပဲလေ။

ကျောင်းသွားနေရတယ်ဆိုပေမဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ မဟုတ်ပဲ ဆရာအနေနဲ့ပါ။ အနုပညာကျောင်းပြီးပြီးတဲ့နောက် အကဆရာတစ်ယောက်အနေနဲ့ သူ အလုပ်ပြန်ဝင်နေတာ သိပ်မကြာသေး။

"မောနင်း~"

အတန်းထဲ ကြိုရောက်နေနှင့်တဲ့ ကျောင်းသားတွေကို နှုတ်ဆက်လိုက်ကာ အကြောလျော့စေပြီး အတန်းစကာ သူရဲ့ နေ့တ‌နေ့ကို စတင်လိုက်တော့တယ်။

သူရဲ့ တနေ့တာကတော့ ရိုးရှင်းပါတယ်။ အတန်းသင်မယ်။ နေ့လည်စာ စားမယ်။ ညနေ သူငယ်ချင်းတွေ အားရင် ခဏချိန်း လည်ကြမယ်။ ပြီးရင်တော့ မနက်ဖြန်အတန်းတွေအတွက် သင်ခန်းစာ ပြင်ဆင် လေ့ကျင့်ပြီးတာနဲ့ အိမ်ပြန် အိပ်ရာဝင်မယ်။

Scarlet ScenarioWhere stories live. Discover now