1.Please let me go!!

162 3 0
                                    

(Unicode)

မိန်းမငယ်တစ်ယောက်သည်ရေညှိများစွဲကပ်နေသောရေကန်ရဲ့နံရံများကိုပွတ်တိုက်နေသည်မှာငါးနာရီရှိပြီဖြစ်သည်...သူမရဲ့လက်သေးသေးများသည်အရွယ်နှင့်မလိုက်အောင်အသားမာများတက်နေသည်...ထိုကွန်ကရစ်ရေကန်နံရံကိုသံဘလပ်နှင့်တိုက်ချွတ်ရသည်မို့ သူမရဲ့တစ်ချို့လက်နေရာတွေမှာသံဘလပ်နှင့်ခြစ်မိကာသွေးထွက်သည်ကထွက် အရေလစ်သည်ကလစ်နေသည်...ဒါပေမယ့်သူမနာကျင်မှုကိုသည်းခံကာထိုခုနစ်ပေကျယ်၍သုံးပေနက်တဲ့ရေကန်ကိုပြီးအောင်ဆေးကျောနေခဲ့သည်...ထိုရေကန်အားမသန့်ရှင်းနိုင်ရင်ဒီနေ့ရဲ့ညစားကိုသူမငတ်မှာဖြစ်သည်မို့...

ထိုချိန်ကံတရားကသူမကိုမျက်နှာသာမပေးခဲ့မိုးများအသည်းသန်ရွာချလာပြန်သည်...သူမချွေးထွက်မှန်းတောင်မသိတော့ဘူး...သူမပင်ပန်းလွန်းလို့အိပ်ပစ်လိုက်ချင်တယ်...သူမရဲ့တစ်နေ့တာချိန်ဇယားကအိမ်အလုပ်တွေနဲ့သာပြည့်နေသည်...

ည၇နာရီသူမဤလောက်ကြာခဲ့ပြီ...

"ဟောဟဲ ပြီးပြီ အမလေး!"

သူမမောပန်းစွာရေကန်ကြမ်းပြင်ပေါ်လှဲချလိုက်သည်။ မိုးရွာသည်ကိုကျေးဇူးတင်ရမည်...ညနက်လာလေလေမိုးသည်းလာနိုင်ချေရှိသည်...ဒါဆိုသူမရေပိုက်နဲ့လိုက်ဆေးနေစရာမလိုတော့ဘူး...

"မိုးရေရွာလိုက်စမ်းပါ...ရွာရွာ"

မိုးရေထဲမှာလှဲချရင်းပင်ပန်းမှုများကိုအော်ကာဖြေဖျောက်ပစ်လိုက်သည်...နဲနဲတော့ပေါ့ပါးသွားသလိုဘဲ...

"ဟဲ့ ကောင်မအဲ့ရေကန်အခုထိဆေးလို့မ‌ပြီးသေးဘူးလား...အိမ်ထဲမှာလုပ်တွေပုံနေတယ်နော်...နင်ညစားမငတ်ချင်ရင်မြန်မြန်လာခဲ့စမ်း..."

သူမမျက်လုံးမှိတ်ကာလှဲနေတုန်းအိမ်ထဲမှသူမဒေါ်လေးရဲ့တစ်ကြော်ကြော်အော်သံကိုကြားလိုက်ရသည်...သူမရင်ထဲထိတ်ကနဲဖြစ်သွားရကာ

"ဟုတ်..ဟုတ်ကဲ့ ဟင်ငါ့အသံဘယ်လိုဖြစ်တာလဲ...အား.အား"

ရုတ်တရက်သူမအသံကပြာနေသည်...စမ်းအော်ကြည့်လည်းဖြည်းဖြည်းသာထွက်သည်...

"ဘာလို့ဖြစ်သွားတာလဲ..ငါအိမ်ထဲမြန်မြန်ဝင်မှဖြစ်မယ်..."

သူမထရပ်လိုက်ပေမယ့်လဲကျမလိုတောင်ဖြစ်သွားတယ်..သူမခြေထောက်တွေမတ်မတ်တောင်မရပ်နိုင်တော့ဘူး..လက်တွေလည်းပြုတ်ထွက်မတတ်နာကျင်နေပါ၏...သူမအားတင်းရင်းစိုရွှဲသောအဝတ်အစားများနှင့်အိမ်ထဲသို့ဝင်လာခဲ့သည်...

Don't love me!Where stories live. Discover now