3.nightmare and Ray of hope

70 1 0
                                    

(Unicode)

ဆက်ခံသူနှင့်အတူတွဲကနေသောမိန်းကလေးအားစူးစမ်းစွာကြည့်နေကြသည်... သူမတို့နှစ်ယောက်ပျော်ရွှင်စွာကနေကြရင်းသီချင်းတစ်ပုဒ်ပြီးသွားခဲ့သည်...

"တကယ်ပျော်ခဲ့ရပါတယ်လေဒီ"

"ကျွန်မကသိပ်ကတတ်တာမဟုတ်ဘူး..ကူညီပေးတဲ့အတွက်ကျေးဇူးပါလူကြီးမင်း.. လူကြီးမင်းမကူညီရင်သီချင်းတစ်ပုဒ်တောင်ပြီးအောင်ကနိုင်မှာမဟုတ်ဘူး..."

"လေဒီလည်းအတတ်မြန်ပါတယ်...လေဒီကိုကိုယ့်ရဲ့အမေနဲ့မိတ်ဆက်ပေးချင်တယ်.ရနိုင်မလား..."

:ဟမ် မဖြစ်နိုင်ဘူး.. ဒီလူရဲ့ကြောင်းကိုမသိသေးဘဲနဲ့သူ့ရဲ့အမေနဲ့သွားတွေ့ရမယ်... မဖြစ်ဘူးမဖြစ်ဘူး

"ဟို...ကျွန်မတို့အခုတွေ့ဖို့မသင့်တော်ပါဘူး.. နောက်ထပ်အခွင့်အရေးရှိလာအုန်းမှာပါလူကြီးမင်းရှင့်"

"အင်းအဲ့ဆိုလည်းမင်းသဘောပါဘဲ"

"ဝိုး.. ဒါဘယ်သူလေးပါလိမ့်"

သူမဒေါ်လေးသားအမိကိုတွေ့လိုက်ရတော့သူမအသက်ရှူတောင်ကြပ်သွားခဲ့သည်.. သွားပြီသူမတော့အကြီးအကျယ်ဒုက္ခရောက်တော့မယ်...

"မဒမ်လိုဗာဒီမက်"

"သခင်လေးယော့ဟင်"

ဆက်ခံသူအားဂါရဝပြုပြီးနောက်သူမကိုအစိမ်းလိုက်အဝါးလိုက်ပြူးကြည့်လိုက်သည်... သူမကြောက်လွန်းလို့မျက်နှာတောင်မမော့ရဲပေ..

"သူမကိုမဒမ်သိနေတာလား.."

"ဟားဟား.. သိရုံတင်ဘယ်ကမလဲသူမကကျွန်မရဲ့တူမလေးပါ.."

"အိုး..တိုက်ဆိုက်လိုက်တာ"

"အဟင့် တိုက်ဆိုက်တာဘဲဖြစ်မှာပါနော်..ကျွန်မတို့အိမ်ပြန်တော့မှာပါသခင်လေး အဲ့ကြောင့်ကျွန်မရဲ့တူမကိုလာခေါ်တာပါ.."

"အစောကြီးရှိပါသေးတယ်..ပျော်စရာအစီစဉ်တွေတောင်မစရသေးဘူးလေ.."

"ဒါပေမယ့်..."

"ဒီမှာဘာတွေပြောနေကြတာလဲသားလေး"

သူမတို့ပြောရင်းဆိုရင်းထိုနေရာသို့မြို့စားကတော်ရောက်ချလာသည်...

You've reached the end of published parts.

⏰ Last updated: Jun 22 ⏰

Add this story to your Library to get notified about new parts!

Don't love me!Where stories live. Discover now