(Unicode)
ဒီလိုနှင့်ညရောက်လာတော့သူမအခန်းထဲမှတိတ်တိတ်ကလေးထွက်ကာသမီးငယ်၏အခန်းသို့လျှောက်လာခဲ့သည်...
တောက်တောက်
ကျွီ~~~"အထဲဝင်ခဲ့"
သူမခြေလမ်းဖွဖွနင်းကဝင်ခဲ့သည်...
"အိပ်ယာပေါ်ကဝတ်စုံတွေသွားတိုင်းကြည့်ဝတ်လို့ ရတဲ့အင်္ကျီယူသွား"
"ဟုတ်ကဲ့"
ဂါဝန်များကြောင့်သူမမျက်လုံးများဘလင်းဘလင်းထနေသည်...
: အရမ်းလှတာဘဲ
သူမပန်းရောင်ဂါဝန်အရင်ဝတ်ကြည့်လိုက်သည်။
"အိုး ကြီးနေတာဘဲ အပြာရောင်လေးဝတ်ကြည့်"
သူမထပ်ဝတ်ကြည့်တော့ကျပ်နေပြန်သည်.. နောက်ဆုံးအနီရင့်ရောင်တစ်ထည်သာကျန်တော့သည်...
"ဝိုး ဒါနဲ့မှကွက်တိကျတယ်... နင်နဲ့လိုက်သားဘဲ အဲ့ဒါဘဲယူလိုက်တော့"
သူမကိုယ်သူမမှန်ထဲကြည့်မိတော့အံ့ဩသွားရသည်.. ထိုဝတ်စုံကြောင့်သူမရဲ့ခါးကိုပေါ်လွင်စေတဲ့အပြင်ခန္ဓာကိုယ်ရဲ့ကောက်ကြောင်းများကိုလည်းသိသာစေသည်... သူမဤလောက်ပင်လှတာလား..
သူမမှန်မကြည့်ရသည်မှာဘယ်လောက်ကြာပြီမှန်းတောင်သတိမရတော့ပါ...
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်.."
သူမထွက်သွားတော့ သမီးငယ်မျက်နှာတွင်လှောင်ပြုံးတစ်ခုပေါ်လာသည်...
သူမပျော်ရွှင်စွာအခန်းထဲသို့ပြန်လာခဲ့သည်... သူမယခုနေသောအခန်းသည်သူမအခန်းမဟုတ်ပေ.. နေမကောင်း၍သာသူမကိုထိုအခန်းတွင်ထားထားတာဖြစ်သည်... စတိုခန်းကျဉ်းကျဉ်းလေးကာသာသူမအခန်းဖြစ်သည်...
မနက်ရောက်တော့သူမတွင်ဘာမလုပ်စရာမရှိသေးပါ... သူမရင်ခုန်စွာညရောက်မည့်အချိန်ကိုစောင့်ဆိုင်းနေလိုက်သည်...
ညရောက်တော့အပြင်၌သမီးကြီး၏အသံကဆူညံစွာထွက်ပေါ်နေသည်...
"အမေသမီးဒါလေးနဲ့လိုက်လား... ဟဲ့ငါနဲ့လိုက်တယ်မလား..."
"သမီးလေးလှတယ်... ခနလေးမာမီဟိုကောင်မဆီသွားလိုက်အုန်းမယ်.."