1 ရှန်ရှန့်အကြိုက် ?

770 98 5
                                    

•ရှန်ရှန့်အကြိုက် ?

ဂယူဗင်းရဲ့တစ်နေ့တာမှာပြီးပြည်စုံဖို့ဆိုအဖြူလုံးလေးရှန်ရှန်ကမပါမဖြစ်။

7:00AM

တတီတီမြည်လာတဲ့Alarmသံကြောင့် ဂယူဗင်းအိပ်ချင်နေသေးတဲ့ မျက်လုံးအစုံကိုအားယူပြီးဖွင့်လိုက်တယ်။ ဘဝကြီးကဒီလိုပဲ မနက်ခင်းကြီးအိပ်ရေးမဝလဲထရတယ်။ ဟောပြောပွဲကြီးလိုလို တရားပွဲကြီးလိုလို ဂယူဘင်းစိတ်မဝင်စားတဲ့အတန်းလဲတက်ရတယ်။ စာဆိုဂယူဗင်းနဲ့အလက်ဂျစ်ရှိလို့ စာအုပ်နဲ့ဆိုအမြဲတမ်း6ပေအကွာ
ပျော်စရာကိုဘာမှမရှိနေတဲ့ဘဝကြီး

(ငြီးတွားနေတဲ့ဂယူဗင်းကအတန်းအမြဲပြေးပြီး ဘော်ဒါတွေနဲ့ပျော်ပါးနေတာသူမဟုတ်သလို )

စိတ်ပျက်လက်ပျက်နဲ့ဂယူဗင်းမျက်နှာက ဘေးနားမှာကွေးကွေးလေးအိပ်နေတဲ့အဖြူရောင်ဝါဂွမ်းလုံးလေးကိုမြင်တော့ အလိုလိုပြုံးယောင်သမ်းသွားတယ်။

စစရောက်တဲ့နေ့က ဂယူဗင်းကသူ့အတွက်အိပ်ယာလေးလုပ်ပေးတော့လဲလှည့်တောင်မကြည့်ဘဲ ဂယူဘင်းရဲ့အိပ်ယာပေါ်လာတက်အိပ်တဲ့အလည်လေး ရှန်ရှန်
အိပ်ယာအဖြူပေါ်မှာ ဝါဂွမ်းလုံးလေးချထားသလိုပဲ ပွေ့ချီထားချင်စရာ ပန်းရောင်သမ်းနေတဲ့လက်ဖဝါးလေးတွေနဲ့ နှာခေါင်းထိပ်လေးတွေကိုမြင်ရင်ဘယ်သူကများမဖြစ်ဘဲနေနိုင်ပါလိမ့်မလဲ ။
ပါးစပ်လေးတောင်ဟပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်နေဆဲဖြစ်တဲ့ရှန်ရှန်မှာ သွားသေးသေးလေးတွေနဲ့ အသဲယားစရာလျှာသေးသေးလေးလဲရှိသေးတယ်။

သူ့ရှန်ရှန်လေးကိုကြည့်ပြီး ကြည်ကြည်နူးနူးမျက်နှာကြီးနဲ့ဂယူဗင်းကနာရီကိုပြန်လဲလှည့်ကြည့်မိရော

7:30 AM
"အားးး ချီးဘဲ "

အော်ဆဲသံကြီးနဲ့အတူရေချိုးခန်းထဲဝုန်းဒိုင်းကျဲထပြေးသွားတဲ့အသံကြောင့် အိပ်ယာပေါ်ကရှန်ရှန်နိုးလာတယ်။

'ဒီဟူးမန်းက အမြဲဗရမ်းဗတာနဲ့'
" မြှောင် ~~~"

စိတ်လေတယ်ဆိုတဲ့မျက်နှာပေးနဲ့ ရှန်ရှန်ကအိပ်ယာပေါ်မှာအကြောဆန့်ရင်း ထထိုင်နေတယ်။
မနက်စာနွားနို့မပြင်ပေးရသေးလို့ ထိုင်စောင့်နေတဲ့အိမ်ရှင်လိုလို။

ငါကကြောင်မလေးမဟုတ်ဘူး!Where stories live. Discover now