• သဝန်တိုတယ်
"ချီးပဲ
ဂယူဗင်းရေ လာကူဦးဟ""မင်းဂျီးတော်ကြီးကဒီမှာလာခိုးနေတာ
ထားခဲ့လို့မရဘူး ယွင်ဟောက်ကိုခဏခေါ်ထား
ငါဒီကောင့်ကိုရှင်းပြီးလာမယ်""ဒီပွဲနိုင်မှဖြစ်မှာနော် ဟျောင့်တွေ"
"ဘောပဲ ဟိုဘက်ကငါ - သားတွေဘောလိုဆော့နေတာလား"
"စောက်ဆင့်မရှိခိုးဖို့ပဲချောင်းနေတာ သတ္တိရှိရင်by1လာတွေ့လေ "
"လဥကောင်တွေ .... ဘလာ ... ဘလာ ...
ရှန်ရှန်ရဲ့အိပ်ချိန်ကိုနှောက်ယှက်နေသူက ဂယူဘင်း
ညကြီးသန်းကောင်ထိဂိမ်းဆော့နေပြီး အော်ကြီးဟစ်ကျယ်ထထဆဲသေးတယ်။
အအိပ်မက်တဲ့ရှန်ရှန့်အတွက်တော့တကယ်အိမ်မက်ဆိုးကြီးပင်။ သည်းမခံနိုင်တော့ဘူး သည်းမခံနိုင်တော့ဘူး။'ဒါကြောင်အိပ်ချိန်ဆိုတာနားမလည်ဘူးလား တကယ်ပါပဲ' စိတ်ထဲကနေညည်းညူလိုက်ပြီး မျက်လုံးပြူးပြဲဖွင့်လိုက်တော့ ခေါင်းစုတ်ဖွားနဲ့ မျက်တွင်းကဟောက်ပက် ပန်ဒါတွေကတောင်ဘိုးဘေးပြန်ခေါ်ရလောက်တဲ့ လူမသားလေးကိုစောင်းကြည့်လိုက်တယ်။
"ဝှါးးး"ခနဲတစ်ချက်သမ်းပြီး ခြေလက်လေးအငြောင်းအညာပြေအကြောဆန့်လိုက်တယ်။ ဒီကောင့်ကိုငါနှောက်ယှက်ရမယ့်အချိန်ပဲ !
ဘယ်လက်လေးတစ်ချောင်းကိုဂယူဘင်းပေါင်ပေါ်သာသာတင်လိုက်တယ် ။ ဒါကိုဂိမ်းအသဲမဲဆော့နေတဲ့ဂယူဗင်းကမသိ။ နှစ်ချက်လောက်ပုတ်ကြည့်တယ် ဒါလဲသူမသိ။
ရုတ်တရက်ဂယူဗင်းကိုယ်ပေါ်ခုန်တက်လာတဲ့ ရှန်ရှန်ကြောင့်လန့်ဖျန့်ပြီးလက်ထဲကဖုန်းတောင်လွတ်ကျသွားတာကိုအခွင့်ကောင်းယူကာ ဂယူဗင်းရဲ့မျက်နှာပေါ့ဆွေ့ကနဲခုန်တက်လိုက်တယ်။ မျက်နှာရှေ့လာကပ်နေတဲ့ အဖြူလုံးလေးကြောင့်ဂယူဗင်းမှာဘာမှမမြင်ရတော့။ နှာခေါင်းပေါက်ထဲကိုလဲရှန်ရှန့်ရဲ့ရင်ဘက်မွှေးတွေက ကလိထိုးနေသလိယွစိယွစိဝင်နေသေးတယ်။
ဂယူဗင်းရပ်သွားလို့ဆဲသံမျိုးစုံထွက်နေကြတဲ့ဖုန်းကိုအာရုံမစိုက်နိုင်သေး။
" "
ESTÁS LEYENDO
ငါကကြောင်မလေးမဟုတ်ဘူး!
Fanficကင်မ်ဂယူဗင်းမှာ သိပ်ချစ်ဖို့ကောင်းတဲ့ရှန်ရှန်ဆိုတဲ့သမီးလေးရှိတယ်။ Ricky x GyuVin