သခင်မလေး
ညအချိန်က11နီးပါဖြစ်နေပြီ
ဂယူဗင်းဘေးကရှန်ရှန်ကတော့ပါးစပ်လေးပွင့်ပြီးအိပ်မောကျနေပေမယ့် ဂယူဗင်းကတော့မျက်စိကြောင်ပြီးအိပ်မပျော်နိုင်သေး Instagram account မှာဟိုကြည့်ဒီကြည့်နဲ့ထိုင်နေရင်း ဖုန်းထဲဝင်လာတဲ့messageတစ်စောင်'ဟိုင်း ဗင်း
တို့ကဆိုရာ'ဆိုရာဆိုတာfinal yearကqueen မင်ဆိုရာမလား
သူ့ဆီစာလာပို့တယ်? ဘာလားပဲ'ဟုတ်
စီနီယာကိစ္စရှိလို့လားဗျ''တို့ကဗင်းနဲ့စကားပြောချင်တာလေ
အချိန်မရဘူးလားလို့'ပြန်ဝင်လာတဲ့စာကြောင့်ဂယူဗင်းနားလည်လိုက်တယ်။ ဒါဟိုကောင်ယွင်ဟောက်တို့လက်ချက်ပဲဖြစ်မှာ စီနီယာမင်ဆိုရာကအစထဲကဂယူဗင်းနဲ့ပတ်သက်ချင်နေမှန်းသိထားမိပြီးသား
ရုပ်ကလေးလှသလောက်အကျင့်စရိုက်ကဆန့်ကျင်ဘက်ဖြစ်နေတာမို့ ဂယူဗင်းအစကတည်းကရှောင်နေခဲ့တာ။ ဟိုခွေးကောင်တွေကအချွန်နဲ့မထည့်လိုက်ပြီ'အာ ဟုတ်ကဲ့ ကျွန်တော်အခုအိပ်တော့မလို့'
ဂယူဗင်းစကားစချက်ချင်းဖြတ်ဖို့လုပ်ပေမယ်ြတစ်ဖက်ကလက်မလျှော့သေး
'ဟွန့် အင်းပါ
ဒါဆိုမနက်ကျမှတွေ့မယ်နော် ဂွတ်နိုက်ဗင်း
အိမ်မက်ထဲမှာတို့ကိုထည့်မက်နော်'မင်ဆိုရာပို့လာတဲ့မက်ဆေ့ကိုကြည့်ပြီးဂယူဗင်းသံဝေဂရမိတယ် ရဲတင်းလိုက်လေခြင်း
စာမပြန်နေတော့ဘဲလိုင်းပိတ်ကအိပ်ဖို့ပြင်တော့တယ် ခေါင်းအုံးပေါ်ခေါင်းချပြီးတာနဲ့ ဘေးနားမှာအိပ်နေတဲ့အသဲလေးရှန်ရှန်ကိုဆွဲဖက်လိုက်ပြီး အိပ်စက်ခြင်းဆီသို့။.
မနက်ခင်းနေရောင်ခြည်စူးစူးကဂယူဗင်းမျက်လုံးတည့်တည့်ကိုပြတင်းပေါက်ကနေလာထိုးတယ်။ တစ်ဖက်လှည့်ပြီးဆက်အိပ်ဖို့ပြင်လိုက်တဲ့ဂယူဗင်းကသူ့ပါးကိုလာလျှက်လိုက်တဲ့လျှာနုနုလေးကြောင့် ပြုံးပြုံးကြီးအိပ်ယာနိုးလာတယ်။ အခုဆိုရင်ရှန်ရှန်ကမနက်တိုင်းသူ့ပါးကိုလာလျှက်ပြီးနှိုးတာတစ်ပတ်လောက်ရှိပြီ ဒီတစ်ပတ်အတွင်းသူလဲရှန်ရှန်လာနှိုးမှထတတ်တဲ့အကျင့်တောင်ဖြစ်နေပြီ။
ESTÁS LEYENDO
ငါကကြောင်မလေးမဟုတ်ဘူး!
Fanficကင်မ်ဂယူဗင်းမှာ သိပ်ချစ်ဖို့ကောင်းတဲ့ရှန်ရှန်ဆိုတဲ့သမီးလေးရှိတယ်။ Ricky x GyuVin