[For Unicode]
(3rd person pov : ဟျွန်းဂျင်)
ဟျွန်းဂျင် နန်းတော်ကနေထွက်ပြီး ပုန်းအောင်းနေရမယ့်အချိန် ဘယ်လောက်ကြာမလဲလို့ သူ့အဖေကို မေးတော့ တစ်လကအများဆုံးလို့ ဖြေသည်။ ဒါပေမဲ့ မင်ဟိုနဲ့အခုအတူရှိနေတဲ့ သူ့ရဲ့နှလုံးသားကတော့ အဆင်ပြေမှာ မဟုတ်ဘူးဆိုတာ သူသိသည်။
မနေ့ညက သူ မင်ဟိုနဲ့ စကားများပြီး အိပ်ဆောင်ထဲကနေ မင်ဟို့ကို မောင်းထုတ်ခဲ့သည်။
ဘာလို့ သူက ငါ့ကို ငြင်းတာလဲ? ငါကဘာဖြစ်နေလို့လဲ? သူ ငါ့ကို ဘာဖြစ်လို့ ပြန်မကြိုက်တာလဲ? သူ့အမူအရာအားလုံးက ငါ့ကို သဘောကျနေတဲ့ အရိပ်အယောင်တွေ မဟုတ်ဘူးလား ငါရေချိုးတိုင်း သူ ငါ့ကို စိုက်ကြည့်ပြီး စိတ်ကြွလာရင် သူ့ရနံ့ကို သူပြန်ထိန်းခဲ့တာကို ငါသိတယ် ငါ တခြားအယ်လ်ဖာတွေနဲ့ စကားပြောတိုင်းလည်း သူ မနာလိုဖြစ်ပြီး ဒေါသထွက်တာလည်း သိတယ်
လှည်းလုံးပြတင်းပေါက်ကနေ မင်ဟိုရှိနေတဲ့ သူ့
ညာဘက်ကို ကြည့်လိုက်သည်။ မင်ဟိုက သူတို့ရဲ့
ပတ်ဝန်းကျင်ကို ဘေးဘီဝဲယာကြည့် ဂရုပြုရင်း လျှောက်လှမ်းနေသည်။ ဟျွန်းဂျင် ပြတင်းပေါက်သေးသေးလေးကနေ မင်ဟိုကို စိုက်ကြည့်နေရင်း မှောင်ရိပ်ထဲက အနက်ရောင်မျက်နှာဖုံးတပ်ထားတဲ့လူတချို့ ထွက်လာတာကို တွေ့လိုက်ရသည်။ဟျွန်းဂျင် အစီအစဉ်ကို စဖို့ အချိန်ရောက်ပြီလို့ သိလိုက်ပြီး အပြင်က အော်သံတွေကို စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်သည်။ သူ စီးနေတဲ့လှည်းလုံးက တောအလယ်မှာ ရပ်သွားပြီး ဟန်ဆောင်ထားတဲ့ ရန်သူတွေကို သူနဲ့လိုက်လာတဲ့ အစောင့်များက သူတို့ရဲ့ဓားလက်နက်တွေကို ထုတ်ကာ တိုက်ကြတော့သည်။ ငါးမိနစ်လောက်ကြာတော့ မင်ဟိုက သူ့လှည်းထဲဝင်လာပြီး သူ့လက်ကိုဆွဲကာ ဆန့်ကျင်ဘက်ဦးတည်ရာဆီ အတူတူပြေးကြတော့သည်။
YOU ARE READING
𝙄𝘾𝙀 𝘼𝙎 𝘼 𝘾𝙍𝙀𝘼𝙈
Romance"ကျွန်တော်မျိုး အရှင့်သားကို ပြောတဲ့စကားတွေမှန်သမျှ အမှန်ပါ ကျွန်တော်မျိုး အရှင့်သားကို လိမ်မပြောပါဘူး အထူးသဖြင့် အရှင့်သားကို ကြည့်တိုင်း...." "အဲ့ဒါဆို...မင်း ဘာဖြစ်လို့ ငါ့ကို ငြင်းနေတာလဲ ငါ့ကို မသိချင်ယောင်ဆောင်တာလဲ?" "ဘာလို့လဲဆိုတော့...." မင်ဟိ...