[For Unicode]
လူသတ်သမားတွေက မင်ဟိုနောက် ပြေးလိုက်သွားချိန် ကျဆင်းလာသော မျက်ရည်တွေနဲ့အတူ တိတ်တဆိတ် ရှိုက်ငိုနေမိသည်။ အကုန်လုံး သွားပြီလို့ ထင်ရချိန် ဟျွန်းဂျင် ဒူးထောင်ပြီး ကျယ်လောင်စွာ အော်ငိုတော့သည်။ မျက်ရည်တွေသုတ်ပြီး မင်ဟိုနဲ့ သူ့ရဲ့ အဝတ်ထုတ်ကို ကိုင်ကာ ထပြီး လူ ရှိမရှိ စစ်ဆေးကြည့်ပြီး မရှိတော့တာ ကျိန်းသေမှ သူတို့လာရာလမ်းအတိုင်း ပြန်ဦးတည်လိုက်သည်။
လမ်းလျှောက်နေစဉ် မျက်ရည်တွေ ထပ်ဝဲလာတော့တာကို ခံစားလိုက်ရပြန်သည်။ မင်ဟိုများ တစ်ခုခုများ ဖြစ်မလား မင်ဟိုများ နာကျင်နေပြီလားဆိုပြီး အတွေးတွေနဲ့ လျှောက်လာခဲ့ပေမယ့် မျက်ရည်များသုတ်ကာ တောလမ်းတွေက်ို ဖြောင့်ဖြောင့်တန်းတန်း ဖြတ်လာနိုင်ခဲ့သည်။
တောအုပ်ကို ဖြတ်လာပြီးနောက် မင်ဟိုရဲ့ မွေးရပ်မြေဆီ ပြန်လည်ရောက်လာခဲ့သည်။ လူစည်ကားနေတဲ့ နေရာရောက်တော့ မင်ဟိုရဲ့သူငယ်ချင်းက ဘယ်သူလဲဆိုတာ ဘယ်သူ့ကို မေးရမလဲ မသိတော့ မိနစ်အနည်းငယ်လောက် ဟိုကြည့်ဒီကြည့်ရင်း လက်ဝတ်တန်ဆာတွေ ရောင်းတဲ့ဆိုင်နားရောက်တော့ ဟျွန်းဂျင်ရပ်လိုက်သည်။
"မေးစရာလေးရှိလို့ပါ ဗြောင်ဟွန်းလို့ခေါ်တဲ့လူကို သိပါသလား?"
"ကျွန်တော် ခင်ဗျားကို သိလို့လား ဘာလို့ ကျွန်တော့်ကိုရှာနေတာလဲ?"
"ကျွန်တော်ပြောစရာရှိလို့ပါ"
"ပြောပါ"
ဟျွန်းဂျင် အသက်ခပ်ဝဝရူလိုက်ပြီး ဖြစ်ကြောင်းကုန်စဉ်ကို ပြောလိုက်သည်။ ပြောပြတော့မှ မင်ဟိုက ဒီကို စရောက်ကတည်းက ဗြောင်ဟွန်းနဲ့ စပြောဖြစ်ခဲ့တာကြောင့် သူပြောတာနဲ့ ချက်ချင်းသိပြီး သူ့ဆိုင်ကို ချက်ချင်းပိတ်ပြီး မြင်းသွားဌားမယ်လို့ဆိုကာ ခဏစောင့်ခိုင်းပြီး အမြန်ထွက်သွားသည်။
ဆိုင်ရှေ့မှာပဲစောင့်ချိန် ဗြောင်ဟွန်း မြင်းစီးပြီး သူ့ဆီ ပြန်လာခဲ့သည်။
"အရှင့်သားကို နန်းတော်ဆီ ခေါ်သွားပေးပါ့မယ်"
ဗြောင်ဟွန်းက လက်လှမ်းပေးတော့ ကိုင်ပြီး သူ့နောက်မှာ ဝင်ထိုင်လိုက်သည်။
YOU ARE READING
𝙄𝘾𝙀 𝘼𝙎 𝘼 𝘾𝙍𝙀𝘼𝙈
Romance"ကျွန်တော်မျိုး အရှင့်သားကို ပြောတဲ့စကားတွေမှန်သမျှ အမှန်ပါ ကျွန်တော်မျိုး အရှင့်သားကို လိမ်မပြောပါဘူး အထူးသဖြင့် အရှင့်သားကို ကြည့်တိုင်း...." "အဲ့ဒါဆို...မင်း ဘာဖြစ်လို့ ငါ့ကို ငြင်းနေတာလဲ ငါ့ကို မသိချင်ယောင်ဆောင်တာလဲ?" "ဘာလို့လဲဆိုတော့...." မင်ဟိ...