[For Unicode]
[🚨 : contain 18+, if you feel uncomfortable, don't read]
"မင်း ချယ်ရီကိုကြိုက်လား ဒီမှာယူ ကို မကြိုက်ဘူး" မင်ဟို ချယ်ရီတွေကို ဟျွန်းဂျင်ကို လှမ်းပေးလိုက်သည်။
"တော်တော်ဆိုးတာပဲ ဘယ်လိုလူမျိုးမို့လို့ ချယ်ရီကို မကြိုက်တာလဲ" ဟျွန်းဂျင် ပါးစပ်ဟပြီး ချယ်ရီသီးသုံးလုံးကို စားလိုက်သည်။
"ဒါနဲ့ ဒီကိတ်မုန့်ကို ကို တစ်ယောက်တည်း စားမှာလား?"
"ဟုတ်တယ် မင်းက ကို့မွေးနေ့အတွက် လုပ်ပေးထားတာပဲ ဘယ်သူနဲ့မှ ဝေမျှမှာမဟုတ်ဘူး"
"အိုး...တွန့်တိုလိုက်တာ"
မင်ဟိုက ဟျွန်းဂျင်ဘေးထိုင်ပြီး သူ့ပခုံးအပေါ်ကို ခေါင်းမှီလိုက်သည်။ အခု သူတို့တွေ အိမ်ရှေ့မှာ ထွက်ထိုင်ပြီး ဆူညံရူပ်ထွေးနေတဲ့ လမ်းမလေးကို ကြည့်နေခြင်းပင်။ ဒီသုံးလအတွင်း တချို့ကိစ္စတွေအတွက် မင်ဟို မေးချင်တာတွေရှိသေးသည်။
"ဒါနဲ့ ချစ် နန်းတော် မပြန်ဘူးလား?"
"ဘာလို့ပြန်ရမှာလဲ? ကိုက ချစ်ကို ပြန်သွားစေချင်လို့လား?"
"အဲလို မဟုတ်ပါဘူး ဒါပေမယ့် မင်းသားတစ်ယောက်အနေနဲ့ လုပ်စရာတွေ မရှိတော့ဘူးလား? မင်းသားဂျောင်အင်က မင်း အိမ်ရှေ့စံတုန်းကလည်း ကူညီပေးခဲ့တာတွေရှိခဲ့တယ်မဟုတ်ဘူးလား?"
"ဟုတ်တယ်... ကို ပြောတာမှန်တယ် ချစ် ဒီကို စရောက်ကတည်းက မင်းသားတစ်ယောက်ရဲ့တာဝန်တွေ လစ်ဟင်းခဲ့တယ် ချစ် မေ့နေခဲ့တာ အခုတော့ ကိုက ပြန်ပြီး သတိပေးနေတော့ ချစ်ဘာလုပ်ရမှာလဲ?"
"မင်း မိဘတွေနဲ့ စကားပြောဖို့လိုတယ် မင်းအသိဆုံး ကိုက နန်းတော်ထဲမှာနေဖို့ မဖြစ်နိုင်ဘူး ကိုက နိမ့်ကျတဲ့မျိုးရိုး-"
"ကိုက နိမ့်ကျတဲ့မျိုးရိုးကမဟုတ်ဘူး သိရဲ့လား ကို့အမေက အကြံပေးဖြစ်ခဲ့ပြီး ကို့ရဲ့ဘိုးဘွားတွေက အခုထိရှိသေးတယ်ဆိုတာ.... အဲ့ဒါကြောင့် ကို သူတို့ဆီသွားမလည်ချင်ဘူးလား? သူတို့က ကို့ကိုတွေ့ချင်နေတာ"
"ကို မသိတော့ဘူး"
"ဒီလိုလုပ် နောက်အပတ် ဒီကထွက်ပြီး မြို့တော်ကို သွားမယ် နန်းတော်ထဲ ဝင်မယ် ပြီးရင် ကို့အဘိုးအဘွားတွေနဲ့လည်း တွေ့မယ်"
YOU ARE READING
𝙄𝘾𝙀 𝘼𝙎 𝘼 𝘾𝙍𝙀𝘼𝙈
Romance"ကျွန်တော်မျိုး အရှင့်သားကို ပြောတဲ့စကားတွေမှန်သမျှ အမှန်ပါ ကျွန်တော်မျိုး အရှင့်သားကို လိမ်မပြောပါဘူး အထူးသဖြင့် အရှင့်သားကို ကြည့်တိုင်း...." "အဲ့ဒါဆို...မင်း ဘာဖြစ်လို့ ငါ့ကို ငြင်းနေတာလဲ ငါ့ကို မသိချင်ယောင်ဆောင်တာလဲ?" "ဘာလို့လဲဆိုတော့...." မင်ဟိ...