Part 4

530 54 13
                                    

လေယာဉ်ပေါ်က ဆင်းသည်နှင့် ပူပြင်းသောရာသီဥတုဒဏ်ကြောင့် သားမျက်နှာလေးက ရှုံ့တွနေပြီဖြစ်သည်။ဒါ‌တောင် ဒီကိုမလာခင်တည်းက Seokjin ကြိုပြီး ရာသီဥတုအခြေအနေ၊အစားအသောက်ကို check ထားပြီးဖြစ်သောကြောင့် မောင်တို့သားအဖကို အေးအေးလူလူဖြစ်စေသည့် ချည်ထည်လေးများ ၀တ်လာစေခြင်းဖြစ်သည်။သို့‌သော် ထင်ထားတာထက်ကို မြန်မာနိုင်ငံရဲ့ ရာသီဥတုက အပူပြင်းလွန်းသည်။

"ပူယိုက်တာ ဒယ်ဒီရာ"

"ဟုတ်ပါ့ သားရယ်၊သားပါပါးက အပူဓာတ်လိုနေလို့ ဒီကို အလည်ခေါ်လာတာ ဖြစ်မယ်"

သားအဖနှစ်ယောက်ရဲ့ တီးတိုးပြောသံများ ကြားလိုက်သဖြင့် Seokjin ပူနေသည့်ကြားက အတင်းပြောခံရသောကြောင့် နောက်လှည့်ကြည့်ကာ မျက်စောင်းလေးထိုးလိုက်သည်။

"ညကျမှ ပါပါးက အကောင်းဆုံးဆိုတဲ့ အသံ မထွက်လာစေနဲ့နော်...ဟွန်းး"

"ဟုတ်တဲ့ပါဂျ"

မိသားစုတွေ အထုပ်ကိုယ်စီသယ်ထားပြီး လေဆိပ်ကနေ Hotel ဆီ ဘယ်လိုသွားရမလဲ စဉ်းစားမရဖြစ်နေသည်။ဒီလိုနေရာမျိုးတွေဆိုရင် ‌introvert လေး မောင်က အားကိုးလို့မရတော့။Seokjin ကပဲ အစစအရာရာရှေ့ဆောင်ဦးစီးရတော့သည်။

"မောင်....တက္ကစီငှားပြီး သွားကြမလား"

"ကိုကို့သဘောလေ"

"တက္ကစီငှားဖို့က မောင်ငှားပေးပါလား၊မောင်က ငါ့ထက် အင်္ဂလိပ်လိုပိုကျွမ်းတယ်လေ"

"ဒါဆို ကိုကိုက တက္ကစီရပ်ပေးခိုင်း၊လမ်းညွှန်ဖို့က မောင် ပြောပေးမယ်"

"သားကို သေချာဆွဲထားနော် မောင်၊လူတွေအရမ်းများတယ်"

ထို့နောက် လေယာဉ်ကွင်းထဲကထွက်လာကြပြီး လေဆိပ်ရှေ့မှာ ‌ကူးချည်သန်းချည် အသီးသီးမောင်းနှင်နေကြသော တက္ကစီတွေထဲက တစ်ကားကို Seokjin လက်ပြပြီး တားလိုက်သည်။

"ဟယ်လို ကျွန်တော်တို့ကို ရွှေမန္တလာ ဟိုတယ်ကိုပို့ပေးလို့ရမလားဗျ"

Jungkook က English လို တလုံးချင်းစီ ပီပီသသပြောလိုက်တာကို Taxi သမားက နားလည်ပုံရသည်။ခေါင်းညိမ့်ပြကာ အဆင်ပြေကြောင်း ပြန်ပြောသည်။Seokjin အကဲခတ်မိရသလောက် Taxi သမားပုံက လူကောင်းသူကောင်းဖြစ်မည့်ပုံစံမလို့ မောင့်ကို အိုကေကြောင်း မျက်ရိပ်ပြပြီး ကားပေါ်တက်လိုက်ကြသည်။

Uri Koti 🏡Onde histórias criam vida. Descubra agora