မင်္ဂလာခန်းမကြီးတစ်လုံး ပျော်ရွှင်နေကြပေမဲ့ မပျော်နိုင်သူတစ်ဉီးရှိနေသည်။
သတိုးသားကတော့ သူချစ်ရတဲ့ဖြစ်ပေမဲ့ သတိုးသမီးကတော့ သူမဟုတ်ခဲ့။
အဲဒီသူချစ်ရတဲ့ကိုကိုရယ် သူသေလောက်အောင်မုန်းတဲ့ "ဟယ်သာ"ဆိုတဲ့မိန်းကလေးရယ်။
ကြည့်ရင်း ဝဲတက်လာတဲ့မျက်ရည်ကို ထိန်းလိုက်သည်။
မျက်ရည်ကျလို့မဖြစ်ဘူး တော်ကြာ ကိုကိုက စိတ်မကောင်းဖြစ်လိမ့်မယ် ။
ကိုကိုကပြောဖူးတယ်"ဝန်ဘင်းနီး မျက်ရည်ကျတာကိုမြင်ရင် ကိုကိုကစိတ်မကောင်းဖြစ်ရလိမ့်မယ်"တဲ့။_________
မြို့ရဲ့အစွန်းလေးမှာ တည်ရှိတဲ့
မိဘမဲ့ဂေဟာလေးတစ်ခု။ဒီနေရာက ဝန်ဘင်းတွယ်တာရတဲ့ နေရာလေး
ငယ်ငယ်ကတည်းက ဒီနေရာမှာကြီးပြင်းလာတာမလို့ ဒီနေရာမှထွက်သွားဖို့ စိတ်ကူးမရှိ။"ဝန်ဘင်းနီး ကိုကိုလာတယ်နော်"
ရင်းနှီးတဲ့အသံကြောင့် ဝန်ဘင်း ကလေးတွေနဲ့ဆော့နေတုန်းထသွားသည်။
"ဘယ်သူပါလဲ"
"ဝန်ဘင်းနီးရဲ့ကိုကိုလေ မမှတ်မိဘူးလား"
ဝန်ဘင်းသူ့ရှေ့ကလူရဲ့စကားကြောင့် အွန်းဆော့ဟျောင်းမှန်း သိသွားကာ ပြေးဖက်လိုက်သည်။
"ဟျောင်း သတိရနေခဲ့တာ"
"ဟျောင်းလည်း ဝန်ဘင်းနီးကို သတိရတယ်"
တစ်ယောက်ကိုတစ်ယောက် အလွမ်းသယ်ပြီးနောက်
ငယ်ငယ်တုန်းက အတူထိုင်နေကြခုံတန်းလေးမှာထိုင်ကာစကားပြောနေကြသည်။"ဟျောင်း အဲ့ဒီမှာအဆင်ပြေတယ်မလား"
"အဆင်ပြေပေမဲ့ တစ်ခါတစ်လေ ဒီနေရာလိုမျိုး လွတ်"လပ်"နေလို့မရဘူး"
မိဘလို့သာပြောတာ အသက်နှစ်ဆယ်ပြည့်တာတောင် သူ့တို့ရဲ့ထိန်းချုပ်မှုကို ခံရတုန်း။
"ဝန်ဘင်းရော ဒီမှာအဆင်ပြေတယ်မလား"
"အဆင်ပြေတယ် ဆိုတာထက်တောင် ပိုတာပေါ့ဟျောင်းရယ်"
ကိုကို့ ကိုသတိရမိတာက လွဲလို့ပေါ့။
"ဝန်ဘင်း ဟျောင်း မေးတာကို တစ်မျိုးမထင်နဲ့နော်"
"မေးလေ ဟျောင်းရဲ့"
"ဝန်ဘင်းနီးရဲ့ ဉီးလေးကိုပြန်ရှာဖို့ စိတ်ကူးမရှိဘူးလား"
"ဟင့်အင်း သူတို့က မလိုတော့လို့စွန့်ပစ်ခဲ့တာလေ
ဘာလို့ ရှာရမှာလဲ"အွန်းဆော့ ရဲ့မေးခွန်းကြောင့် မျက်နှာမဲ့သွားတဲ့ ဝန်ဘင်းကို သတိထားမိလိုက်သည်။
မျက်စိရှေ့မှာတင် မိဘနှစ်ဉီးသေဆုံးခဲ့ရပြီး အမွေမက်တဲ့ ဉီးလေးရဲ့ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ ဒီကောင်လေးရဲ့ စိတ်ဒဏ်ရာက
အရွယ်နဲ့မလိုက်နဲ့အောင်ခံစားခဲ့ရသည်။ဒီကိုစရောက်တုန်းက ဘယ်သူနဲ့မှစကားမပြောတဲ့ကောင်လေးကိုအွန်းဆော့ကပဲအကြီးပီပီ အဖော်ပြုပေးရသည် အစပိုင်းမှာတော့သူ့ကိုအဖက်မလုပ်ပေမဲ့ နောက်တော့ သူ့ကိုသံယောဇဉ်တွယ်လာခဲ့သည်။
သူ့ကို ကိုကို လို့ ခေါ်တိုင်း အွန်းဆော့ဒီကောင်လေးကို အသည်းယားရသည်။မျက်လုံးဝိုင်းဝိုင်းလေးရယ်
ရီလိုက်ရင် ပေါ်လာတတ်တဲ့ ယုန်သွားလေး နှစ်ချောင်းရယ်
ဒီကောင်လေးက ချစ်ခြင်းမေတ္တာနဲ့ထိုက်တန်ပါတယ်။အွန်းဆွန်းဟျောင်းက သူဒီရောက်လာကတည်းက နွေး"ထွေး"ဆက်ဆံပေးတဲ့သူမလို့ အကိုတစ်ယောက်လိုပါပဲ
နောက်ပိုင်းတော့ ဟျောင်းကိုစွန့်ပစ်သွားတဲ့ရဲ့မိဘတွေက ဘယ်ဂျောင်ကနေပေါ်လာမှန်းမသိ ဟျောင်းရဲ့မိဘတွေပါဆိုပြီး ဟျောင်းကိုပြန်ခေါ်သွားတယ်။အဲနေ့က ဝန်ဘင်း ရှိုက်ကြီးတငင်ငိုခဲ့သည်။
ဟျောင်းရဲ့ "ဝန်ဘင်းနီး မျက်ရည်ကျတာကိုမြင်ရင် ကိုကိုကစိတ်မကောင်းဖြစ်ရလိမ့်မယ်" ဆိုတဲ့စကားကြောင့် အငိုတိတ်ရပြန်တယ်။
ဒါပေမဲ့ ဟျောင်းက ထွက်မသွားခင်ကတိတစ်ခုပေးခဲ့တယ်။" ကိုကိုကြီးလာရင် ဝန်ဘင်းနီးကို ဒီနေရာမှာ သေချာပေါက်လာရှာမယ်"
အွန်းဆော့လည်း ဒီကလေးကို တစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချပေမဲ့ ရုတ်တရက်ကြီးပေါ်လာတဲ့ မိဘ ဆိုတဲ့သူတွေကြောင့် လိုက်သွားရသည်။
မိဘဆိုတဲ့သူတွေရဲ့ သဘောအတိုင်း ၊ထိန်းချုပ်မှုအတိုင်း ကြီးပြင်းလာခဲ့သည်မို့ မွန်းကြပ်မိသည် ။
တစ်ခါတစ်လေ ထွက်ပြေးချင်မိသည် သူလွမ်းနေခဲ့တဲ့ နေရာလေးနဲ့ ထိုလူသားကို အပြေးသွားတွေ့ချင်မိသည်။ဒါပေမဲ့လည်း အဲဒီလူတွေကြောင့် သူဘာမှမတတ်နိုင်ခဲ့။
______
HEATHER
Eunbin ( eunseok and wonbin / RIIZE )လိုရင်းမရောက်သေးတော့ ဖတ်လို့ကောင်းမှာမဟုတ်ဘူးထင်တယ်🧘
eunbin ကိုဓာတ်ကျနေလို့ ရေးလိုက်တာရယ်

YOU ARE READING
HEATHER / Eunbin ( eunseok and wonbin )
Fanfic"ဝန်ဘင်းနီး မျက်ရည်ကျတာကိုမြင်ရင် ကိုကိုကစိတ်မကောင်းဖြစ်ရလိမ့်မယ်" RII7E