တစ်နေ့ပြီးတစ်နေ့ကုန်လာတာနဲ့အမျှ တဖြည်းဖြည်း ပိန်ခြုံလာတဲ့ ခန္ဓာကိုယ် ။
ဘယ်သူမှမရှိတဲ့ အိမ်ကလေးမှာ တစ်ယောက်တည်း သေမဲ့နေ့ကိုထိုင်စောင့်နေသူ ။၀န်ဘင်း ဂျာမနီရဲ့ Mainz မြို့ကိုပြောင်းလာပြီး အိမ်လေးတစ်ဆောင်ငှားကာ ဒေါ်လေးနဲ့နှစ်ယောက်အတူနေသည်။
အစကမလိုက်ဖို့ဒေါ်လေးကိုတားပေမဲ့ မတတ်နိုင်တဲ့အဆုံး လက်ခံလိုက်ရသည်။တစ်ယောက်တည်း အထီးကျန်ပေမဲ့ မကြာခင်ထွက်သွားရတော့မဲ့ သူတစ်ယောက်က သံယောဇဥ်တွယ်နေလို့မဖြစ်ဘူးလေ။
"ဘင်းနီးရေ ဒီနေ့လည်းစာရောက်လာတယ်"
"အဲစာတွေကို စာပုံးထဲမှာပြန်ထားလိုက်ပါဗျာ ကျွန်တော်မဖတ်ချင်ဘူး"
အဲ့ဒီစာတွေ တစ်ပတ်နှစ်စောင်လောက်ရောက်လာတတ်သည်။ ဘယ်သူပို့တာလဲဆိုတာကိုမသိချင်သလို ဖတ်လည်းမဖတ်ချင်ပါဘူး။အခုဆိုစာစောင်အရေအတွက်ကတော်တော်များနေပြီဖြစ်သည်။
၀န်ဘင်းဟာ အကုန်လုံးနဲ့အဆက်အသွယ်ဖြတ်ထားခဲ့သည်။ ဒါပေမယ့်အဒေါ်ကြီးကတော့ ဆွန်းဟန်တို့နဲ့ ညတိုင်းဖုန်းပြောနေတာကို ၀န်ဘင်းကြားရသည်။
___
ကိုကို့မင်္ဂလာဆောင်မတိုင်ခင် သုံးရက်အလို
ကိုကို့အမေက ၀န်ဘင်းဆီရောက်လာသည်။
နိုင်ငံခြားမှာ ၀န်ဘင်းရဲ့ရောဂါအတွက်ဆေးကုသဖို့ သူတာ၀န်ယူမယ်ဆိုပဲ။ ၀န်ဘင်း သူမရဲ့ကမ်းလှမ်းမှုငြင်းခဲ့သည်။ဘာလို့ သေတော့မဲ့လူကို အသက်ရှင်ခိုင်းနေဦးမှာလဲ။ ဘာလဲ အသက်ရှင်ပြီး အဲဒီလူပျော်နေတာကိုထိုင်ကြည့်နေရမှာလား။4.3.2023
နွေဦး ဖြစ်တာကြောင့် ချယ်ရီပန်းတွေဟာနေအရာအနှံ့ ပွင့်နေကြသည်။
ကြွေချိန်တန်တဲ့ ပန်းတွေဟာကြွေပြီး မကြွေသေးတဲ့ပန်းတွေကတော့ အပင်ပေါ်မှာ ပွင့်လန်းနေကြတယ်။
ဒီလိုပါပဲ လူတွေဟာလည်း သေချိန်တန်ရင်သေရတယ် အချိန်မတန်သေးတဲ့ လူတွေဟာ ဘ၀ကိုအကောင်းဆုံးဖြစ်အောင်ရှင်သန်နေရတယ်။၀န်ဘင်း အချိန်တစ်ခုကိုစောင့်ဆိုင်းရင်း ရှင်သန်နေရတယ် ဆိုပေမဲ့ စားစရာရှိတာစားတယ် ရောဂါထလာရင် ဆေးသောက်လိုက်တယ် အဲလောက်ပါပဲ ။
ဘယ်အရာကိုမှအတင်းမလုပ်ယူတော့ဘဲ ဒီတိုင်းပုံမှန်လေးပါပဲ။
YOU ARE READING
HEATHER / Eunbin ( eunseok and wonbin )
Fanfic"ဝန်ဘင်းနီး မျက်ရည်ကျတာကိုမြင်ရင် ကိုကိုကစိတ်မကောင်းဖြစ်ရလိမ့်မယ်" RII7E